ပဲလိပ်ပြာနှပ်

 


ချက်ပြုတ်နည်း

1. ပဲလိပ်ပြာအစို နို့ဆီဘူးတစ်ဘူးခန့်ကို အခွဲသင်ပြီး ရေဆေးထားပါ။
2. ထို့နောက် ကြော်မည့်အိုးထဲမှာ ကြက်သွန်နီတစ်လုံး ပါးပါးလှီးကာ ကြော်ပြီး ဆီစစ်ကာ ပန်းကန်တစ်ခုထဲ ထည့်ထားပါ။
3. နနွင်းနဲနဲ နှင့် ပဲကိုထည့်ကာ ကြော်ပြီး ပဲအကြောတင်းပြီး ဆီပြန်လာသည်အထိဆယ်မိနစ်ခန့်ဆက်တိုက် မွှေကြော်ပါ။
4. ရေနွေးကို ပဲမြုတ်ရုံထည့်ပြီး မွှေကာ အဖုံးအုပ်ပြီး ရေခန်းဆီပြန်သည်အထိ ချက်ပါ။ ပဲခပ်ပျော့ပျော့ ကြိုက်ရင်တော့ နောက်တစ်ရေ ထပ်ထည့်ကာ ရေခန်းဆီပြန်သည်အထိ မီးအေးအေးနှင့် တည်ကာ နှပ်ပါ။

5. ပဲလိပ်ပြာနှပ်ကို ပန်းကန်တစ်ခုထဲတွင် ထည့်ပြီး အပေါ်မှ ကြက်သွန်နီကြော်ကို တင်လိုက်ပါ။ အချဉ်ဟင်း ငပိထောင်းနှင့် တွဲစားလျှင် ထမင်းမြိန်သော ဟင်းတစ်ခွက်ပါ။

(ပဲကို ဆီနှင့် ကြော်လိုက်ခြင်းအားဖြင့် ပဲအနူးမြန်စေသလို ပဲပုံပျက်သွားခြင်းမရှိပဲ အိအိလေးဖြစ်နေစေပါတယ်။)


No comments:

Post a Comment

@templatesyard