ဒူးရင်းသီးပူတင်း

ဆိမ့်နေအောင် စားလို့ကောင်း မွှေးနေလို့ ထပ်စားချင်အောင်ကို စွဲဆောင်မှုကောင်းလှတဲ့ဒူးရင်းသီးပူတင်း လေးပါ။

ပါဝင်သောပစ္စည်းများ (၃ ခုစာအတွက်)

  • ကြက်ဥ - ၃ လုံး
  • နွားနို့ - ၁ ခွက်ခွဲ
  • နို့ဆီ - ထမင်းစားဇွန်း ၈ ဇွန်း
  • နွှာထားသော ဒူးရင်းသီးအသား - ထမင်းစားဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
( ၁ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon= 15 ml )

ပြုလုပ်နည်း

  1. ပါဝင်သောပစ္စည်းများအားလုံးကို ဖျော်ရည်ဖျော်စက် (blender) ထဲထည့်ရ်ျ အားလုံးတသားထဲဖြစ်ပြီး ညက်နေအောင်ကြိတ်ပါ။
  2. ပူတင်းလုပ်မည့်ခွက်တွေကို ဆီသုတ်ထားပါ။
  3. ပူတင်းအနှစ်ရည်များကို ပူတင်းခွက်တွေထဲကို အညီအမျှထည့်ပါ။ ပြီးလျှင် ရေနွေးငွေ့ဖြင့် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့်ထည့်ပေါင်းပါ။
  4. အနံ့ကော အရသာပါပြည့်စုံနေတဲ့ ဒူးရင်းသီးပူတင်းကို သုံးဆောင်နိုင်ပါပြီ။


No comments:

Post a Comment

@templatesyard