ပုန်ရည်ကြီးကိုပြုလုပ်နည်း


ပုန်းရည်ကြီးကို အများအားဖြင့် ပဲပိစပ် ကနေ ပြုလုပ်ကြပါတယ်။ တခြားပဲအမျိုးမျိုးတွေနဲ့လည်း ပုန်းရည်ကြီးကို လုပ်လို့ ရပါတယ်။ ပြုလုပ်နည်းကတော့..

(၁) ပထမဆုံး ပဲပိစပ်တွေကို ရေနဲ့စင်ကြယ်အောင် အကြိမ်ကြိမ်ဆေးရပါမယ်။

(၂) ပြီးရင် အိုးကြီးကြီးတစ်လုံးထဲကို ရေစင်အောင်ဆေးထားတဲ့ ပဲပိစပ် ၁ ဆ၊ ရေ ၃ ဆ ထည့်ပြီး ပြုတ်ရပါမယ်။

(၃) ပဲတွေနူးအိလာပြီဆိုရင် ဆယ်ယူပါ။ အိုးထဲကျန်ခဲ့တဲ့အရည်တွေကိုတော့ စဉ့်အိုးထဲ လောင်းထည့်ပြီး အချဉ် ဖောက်ပါမယ်။

(၄) အချဉ်ပေါက်ဖို့အတွက် ပုံမှန်အားဖြင့် ၅ ရက်ကနေ ၇ ရက်လောက်အထိထားလေ့ရှိပြီး အချဉ်အရသာ ပိုကြိုက်ရင်တော့ ရက်ကြာကြာ ထားနိုင်ပါတယ်။

(၅) ဒီလိုအချဉ်ပေါက်လာတဲ့ ပဲရည်ကို ဒယ်အိုးထဲထည့်ပြီး မီးဖိုပေါ်တင် ပြန်ကျိုရပါတယ်။ ပြန်ကျိုတဲ့အခါမှာ ယောင်းမနဲ့ အဆက်မပြတ်မွှေပေးရပါတယ်။ မွှေတဲ့အခါမှာ လည်း ဒယ်အနှံ့သမအောင် မွှေဖို့လိုပါတယ်။

(၆) မွှေရင်းမွှေရင်းနဲ့ သင့်တော်တဲ့အပျစ် အနေထားရောက်ပြီလို့ ခန့်မှန်းရတဲ့အခါမှာ ဒယ်အိုးကို မီးဖိုပေါ်ကချပြီး အသင့်ဆေးထားတဲ့ မြူအိုး သို့မဟုတ် လေလုံတဲ့အိုး တစ်ခုခုထဲကို ခပ်ထည့်လိုက်ပါ။ ဒါဆိုရင် ပုန်းရည်ကြီး ရပါပြီရှင်။

(၈) အချဉ်ဖောက်တဲ့ ကြာချိန်ပေါ်မူတည်ပြီး အချဉ်အရသာကဲသော ပုန်းရည်ကြီးနဲ့ အဆိမ့်အရသာကဲသော ပုန်းရည်ကြီး ဆိုပြီး အရသာနှစ်မျိုးနှစ်စား ရှိနိုင်ပါတယ်။ စားသုံးသူအတော်များများကတော့ အဆိမ့်အရသာကဲတဲ့ ပုန်းရည်ကြီးကို ပိုကြိုက်ကြပါတယ်။

ပဲပိစပ်ကနေထုတ်လုပ်ထားတဲ့ ပုန်းရည်ကြီးဟာ အရသာလည်းရှိ၊ အမျိုးမျိုးလည်း လုပ်စားလို့ရတဲ့အပြင် ပရိုတင်း ဓာတ် (Protein)၊ လက်စီတင်ဓါတ် (Lecithin)၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာ ရေးကိုလည်း အထောက်အကူပြုပါတယ်။

ပုန်းရည်ကြီးရဲ့စားရင်ကျန်းမာရေးကျိုးများ

(၁) ပုန်းရည်ကြီးမှာပါတဲ့ ပရိုတင်းဓာတ်ဟာ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးဖို့အတွက် အထောက်အကူပေးပါတယ်။

(၂) လက်စီတင်ဓာတ်ကတော့ ဦးနှောက်ရဲ့ မှတ်ဉာဏ်၊ စဉ်းစားဉာဏ်တွေကို ကောင်းစေပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။

(၃) ဒါ့အပြင် ကိုယ်တွင်းက မကောင်းတဲ့အဆီဓာတ် (ကိုလက်စထရောဓာတ်) ကိုလည်း ကျစေတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါတယ်။

(၄) ပုန်းရည်ကြီးစားခြင်းဖြင့် ဝမ်းချုပ်ခြင်း၊ ဝမ်းမာခြင်း ကင်းဝေးပြီး ဝမ်းပျော့ပျော့ သွားစေနိုင်တဲ့အတွက် အစာ အိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။

(၅) ပုန်းရည်ကြီးမှာပါတဲ့ အန်တီအောက်ဆီးဒန့်ဓာတ် တစ်မျိုးဟာ ကင်ဆာဆဲလ်တွေ ဖြစ်မလာအောင် ကာကွယ် ပေးနိုင်ပြီး ပုန်းရည်ကြီး မကြာခဏစားပေးခြင်းဖြင့် သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေနိုင်ပါတယ်။



No comments:

Post a Comment

@templatesyard