သီးစုံလှော်ရခိုင်ချက်



ပါဝင်ပစ္စည်း


  • ရုံးပတီသီး...............၅တောင့်
  • ပဲတောင့်ရှည်............၁စည်း
  • ခရမ်းသီးအရှည်........၁လုံး
  • ငရုတ်သီးစိမ်း.. ........၁၀တောင့်
  • ငါးပိ.......................အနည်းငယ်
  • ရွှေပုစွန်ခြောက်........ဇွန်းဝက်ခန့်


ချက်နည်း


  1. ငရုတ်သီးစိမ်း ကိုအညှာခြွေပြီးရေအနည်းငယ်လေးဖြင့်နှုးအိအောင်ပြုတ်ထားပါ။
  2. ရုံးပတီသီး ၊ ပဲတောင့်ရှည် ၊ ခရမ်းသီးတောင့်ရှည်ကိုရေဆေးပြီးမှတစ်လက်မခန့်အရွယ်လှီးဖြတ်ပါ။
  3. ပြုတ်ထားတဲ့ငရုတ်သီးနှုးအိလျှင်ညှက်အောင်ထောင်းပါ။
  4. အိုးတစ်လုံးအတွင်းမှာလှီးဖြတ်ထားသောအသီးများ၊ငရုတ်သီးထောင်း၊ရွှေပုစွန်ခြောက်ငါးပိနှင့်ဟင်းခတ် မှုန့်အနည်းငယ်တို့ကိုထည့်ပါ။
  5. အဖုံးအုပ်ပြီးမီးရှိန်အေးအေးမှာအပူပေးပါ။အငွေ့ကြောင့်
  6. အသီးတွေစိမ်းရောင်ပြောင်းလျှင်အဖုံးဖွင့်ပြီးညှင်သာစွာမွှေပေးပါ။
  7. ခပ်ရှိန်းရှိန်းလေးနှစ်သက်လျှင်ထောင်းထားတဲ့ငရုတ်ကောင်းစေ့လေးအနည်းငယ်ထည့်မွှေပေးပါ။
  8. မိမိနှစ်သက်တဲ့အရသာရလျှင်ပန်းကန်ထဲပြောင်းထည့်ကာသုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment

@templatesyard