ခရမ်းသီးငါးခူ၊ငါးပိထောင်း


ပါဝင်ပစ္စည်း

  • ခရမ်းသီးရှည်..............၃လုံး
  • ငါးခူသေး....................၁ကောင်
  • ကြက်သွန်ဖြူ.................၅တက်
  • ငရုတ်သီးစိမ်းတောင့်နီ.....၁၀တောင့်
  • ငါးပိ.............................အနည်းငယ်

ထောင်နည်း

  1. ငါးခူကိုရေဆေးသန့်စင်ပြီးဝါးတံစို့ထိုးကာကျက်အောင်ကင်ပါ။
  2. ငရုတ်သီးစိမ်းနီ၊ကြက်သွန်ဖြူ တို့ကိုလဲတံစို့ထိုးပြီးကင်ပါ။
  3. ခရမ်းသီးကိုအလုံးလိုက်သံဇကာလေးခံပြီး
  4. ကျက်သည်အထိကင်ပြီးအအေးခံထားပါ။
  5. ငါးပိကိုလဲဇွန်းပြားလေးမှာကပ်ပြီးမီးကင်ပါ။
  6. ငရုတ်ဆုံထဲမှာလှော်ထားတဲ့ကြက်သွန်ဖြူ ငရုတ်တောင့်နီနှင့်ငါးပိတို့ကိုရောပြီး သမသွားအောင်ထောင်းပါ။
  7. ဆား၊ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပါ။
  8. ငါးခူမီးကင်ကိုဖဲ့ခြွေထည့်ပြီးဇွန်းလေးနဲ့သမ
  9. အောင်မွှေပေးပါ။
  10. မီးဖုတ်ထားတဲ့ခရမ်းသီးကိုအခွံခွာပြီး(၃)ပိုင်းသို့မဟုတ်(၄)ပိုင်းပိုင်းဖြတ်ပြီးထည့်ကာကျည်ပွေ့လေးဖြင့် ဖိချေပေးပါ။
  11. ခရမ်းသီးတွေကြေသွားသည်အထိမထောင်းပါနှင့်။
  12. မိမိနှစ်သက်ရာတို့စရာအရွက်များဖြင့်တွဲဖက်ပါ။

No comments:

Post a Comment

@templatesyard