Keto ကြက်သောက်ဆမ်း


ပါဝင်ပစ္စည်းများ

  • ဗမာကြက်၄၀သား
  • ကြက်သွန်ဖြူ၄ဥ
  • ဂျင်းလက်တဆစ်
  • စပါးလင်တပင်
  • ငြုပ်သီးရှည်ခြောက်၆တောင့်
  • စူကာညွန့် ဖယုံညွန့် မုန်ညှင်းစိမ်း
  • မှို ၁၀ သား
  • ပင်စိမ်းတစည်း ရှမ်းနံနံ
  • သံပုရာသီးတလုံး
  • ငြုပ်သီးစိမ်းလက်တဆုတ်
  • ကြက်သွန်နီ၂လုံး


ချက်ပြုတ်နည်း

1. ကြက်သားကို အတုံးလေးတွေတုံး ရေဆေးပါ။
2. ဂျင်း ကြက်သွန်ဖြူ ငြုပ်ခြောက်ရှည်တောင့်ကိုမညက်တညက်ထောင်းပါ။   

3. ကြက်သားကို ဆား ဆနွင်းနဲနဲ အရသာမှုန့် ငံပြာရည် ထည့်ပီး ထောင်းထားတာနဲ့ရောသမနယ်ပြီးနှပ်ထားပါ စပါးလင်အရင်းပိုင်းကိုတစောင်းလှီးထားပါ။
4. ဒယ်အိုးတလုံးတွင် ရေတလီတာထည့်ပီးတည်ထားပါ။
5. ရေဆူရင် ကြက်သားလုံးထားတာနဲ့စပါးလင်ကိုထည့်ပီးအဖုံးအုပ်ထားပါ။
6. ဆယ်မိနစ်ကြာလို့ ကြက်သားနူးလောက်ပီဆိုမှို ကြက်သွန်နီလေးစိပ်ခွဲ ငြုပ်သီးစိမ်းထည့်ပီး ထပ်တည်ထားပါ၊ အရသာပေါ့ငန်မြည်းပါပီးရင် အညွန့်အရွက်စုံ ရှမ်းနံနံ ပင်စိမ်းတို့ကိုထည့်ပီးအဖုံးအုပ်ပီးမီးပိတ်လိုက်ပါ ပြီးမှသံပုရာရည်ညှစ်ပီးအသင့်စားလို့ရပါပြီ။




No comments:

Post a Comment

@templatesyard