KFC စတိုင်လ်ကြက်ကြော်


ပါဝင်ပစ္စည်း

  • CPကြက်..........၁ကောင်
  • အကြော်ခံဆီ.......၅လီတာခန့်
  • ကွကျဥအကာ......
  • ဂျုံနုမှုန့်...............၁ ၁/၂ခွက်(လက်ဖက်ရည်ပန်းကန်လုံး)
  • သကြားညို..............၁ဇွန်း(ထမင်းစားဇွန်း)
  • ဆား.....................၁ဇွန်း(လက်ဖက်ရည်ဇွန်း)


ဟင်းခတ်အမွှေးအကြိုင်အရောအတွက်

  • ငရုတ်ပွတောင့်အမှုန့်............၁ဇွန်း
  • ဆားဓာတ်ပါသော
  • ကြက်သွန်နီအမှုန့်................၁ဇွန်း
  • ငရုတ်စပ်မှုန့်......................၁ဇွန်း
  • ငရုတ်ကောင်းမှုန့်အစစ်...........၁ဇွန်း
  • ဆားဓာတ်ပါဝင်သော
  • တရုတ်နံနံအမှုန့်...................၁/၂ဇွန်း
  • ဆာဂီအခြောက်မှုန့်................၁/၂ဇွန်း
  • ကြက်သွန်ဖြူ အမှုန့်................၁/၂ဇွန်း
  • ဟင်းချက်မဆလာ..................၁/၂ဇွန်း
  • အော်ရီဂန်နိူ..........................၁/ဇွန်း
  • ပင်စိမ်းမှုန့်............................၁/၂ဇွန်း
    (မှတ်ချက်။ ။ လက်ဖက်ရည်ဇွန်း)
 

ကြော်နည်း

1. ခေါင်း၊ ခြေထောက်မပါသောကြက်သားကိုထက်ခြမ်းပိုင်းလိုက်ပါ။

2. ရင်ပုံသားတစ်ခြမ်းကို ကန့်လန့်ဖြတ်၂ပိုင်း ဖြတ်ပိုင်းပါ။အတောင်ပံတွေကိုသီးသန့်စီဖြတ်ပိုင်းပါ။

3. ပေါင်ရင်းဖက်ကိုနှစ်ပိုင်းဖြတ်ပိုင်းပြီး၊ဒူးဆစ်အောက်ဆား၊သကြားညိုတို့ဖြင့်အရသာနယ်ထားပါ။ကိုယ်နှစ်ခုပိုင်းယူပါ။

4. ကျန်ရှိတဲ့ဂျုံ မှုန့်နှင့်ဟင်းခတ်အမွှေးအကြိုင်အားလုံးကိုသမအောင်ပေါင်းစပ်ပါ။

5. ကြက်ကြော်ဆီကန်မှာ ဆီကို ၃၅၀ဒီဂရီဖာရင်ဟိုက်ရောက်အောင်အပူပေးထားပါ။

6. ကြက်ဥအကာကိုအရည်ပုံစံဖြစ်သွားသည်အထိခေါက်မွှေပါ။

7. အရသာနယ်ထားတဲ့ကြက်သားတစ်တုံးချင်းစီကိုကြက်ဥရည်ထဲနှစ်ပါ။

8. ရောစပ်ထားသောဂျုံ နှင့်ဟင်းခတ်အမွှေးအကြိုင်အရောမှုန့်တို့ကိုကပ်လူးပါ။

9. ဒုတိယအကြိမ် ကြက်ဥရည်ထဲ ပြန်နှစ်ပါ။ ဂျုံ မှုန့်အရောကိုဖုံးအုံးသည်အထိကပ်လူးပါ။

10. သတ်မှတ်ဆီအပူချိန်ထဲကိုထည့်ကြော်ပါ။

11. ရင်ပုံနှင့် တောင်ပံတွေဟာ(၁၂)မိနစ်မှ(၁၄)မိနစ်အတွင်းကျက်နိူင်ပေမယ့်ပေါင်ရင်းပိုင်းဒူးဆစ်ပိုင်း တို့ကိုတော့မိနစ်အနည်းငယ်ပိုပြီးကြော်ပေးရပါမယ်။

12.အပူချိန်တိုင်းကိရိယာနှင့်ထိုးသွင်းစမ်းသပ်ကြည့်လျှင်၁၆၅ဒီဂရီဖာရင်ဟိုက်သို့ညွှန်ပြနေလျှင်ကောင်းမွန်စွာကျက်တဲ့အနေအထားသို့ရောက်နေပါပြီ။

13. အထက်ပါအနေအထားရောက်လျှင်ဆီစစ်ဇကာသို့ပြောင်းထည့်ပါ။

14. ဆီစစ်ဇကာမှတဆင့် ဆီစုပ်စက္ကူ အတွင်းပြောင်းထည့်အအေးခံပါ။

15. မိမိနှစ်သက်ရာခရမ်းချဉ်သီးဆော့စ်(သို့) ငရုတ်ဆော့စ်တို့ဖြင့်တွဲဖက်သုံးဆောင်ပါ။



No comments:

Post a Comment

@templatesyard