🐷ဝက်လက်စွပ်ပြုတ်🐷


ပါဝင်ပစ္စည်းများ

  • ဝက်လက် ၁ချောင်း (၅၀သားခန့်)
  • ဆား အနည်းငယ်
  • သကြား ၁ဇွန်း(သေး)
  • နာနတ်ပွင့် ၁ပွင့်
  • ခရုဆီ ၁ဇွန်း(သေး)
  • ပဲငံပြာရည်အနောက် အနည်းငယ်
  • ငရုတ်ကောင်း အနည်းငယ်
  • နှမ်းဆီမွှေး အနည်းငယ်
  • ကြက်သွန်မိတ် ၃ပင်
  • ထိုက်ဝမ်မုန့်ညှင်း ၂ပင်
  • မုန့်ညှင်းစိမ်း ၂ပင်
  • ကြက်သွန်ဖြူ ၄မွှာ
  • ဂျင်း ၂ပြား

ချက်ပြုတ်နည်း

1. ဝက်လက်ကို အတုံးကြီးကြီးတုံး အမွှေးအမျှင်များသေချာသန့်စင်ရေဆေး၍ ရေစစ်ထားပြီး ဆား ငရုတ်ကောင်း ပဲငံပြာရည် ဇွန်းသေး ၁ ဝက်ထည့်နယ်ထားပါ။
2. ဆီဇွန်းသေး ၁ဇွန်းခန့်ထည့်ပြီး သကြားထည့်မွှေကာ နယ်ထားသော ဝက်လက်ထည့်၍ ၃မိနစ်ခန့်မွှေ၍ချပါ။
3. Pressure Cooker ထဲသို့ ကြက်သွန်ဖြူ ဂျင်း ဓားပြားရိုက် ခရုဆီ နာနတ်ပွင့် ပဲငံပြာရည် ဇွန်းသေး ၁ ဝက် ငရုတ်ကောင်းစေ့ ၃စေ့ခန့်ထည့်၍ ဆူအောင်တည်ပါ။ ဆူလာလျှင် ဝက်လက်ကို ဆီစစ်၍ အိုးထဲထည့် ၍ မိနစ် ၄၀/၄၅ မိနစ်ခန့် တည်ပါ။
4. ထိုင်ဝမ်မုန့်ညှင်း၊မုန့်ညှင်းစိမ်း၊ နှမ်းဆီမွှေးထည့်၍ချပါ။
5. ကြက်သွန်မြိတ်ပါးပါးနှင့် ငရုတ်ကောင်းထည့်လိုက်ပါက မွှေးပျံအရသာရှိလှတဲ့ ဝက်လက်စွပ်ပြုတ်ကို သုံးဆောင်နိုင်ပါပြီ။(ချဉ်စပ်ကြိုက်ပါက ငရုတ်သီးစိမ်းနှင့် သံပုရာသီး ထည့်၍ သုံးဆောင်နိုင်ပါတယ်)


No comments:

Post a Comment

@templatesyard