တံငါခြင်းတောင်းဟင်း


ပါဝင်ပစ္စည်း

  • ပြောင်းဖူး..............၁ဖူး
  • ပဲတောင့်ရှည်..........၅တောင့်
  • ဂေါ်ဖီ...................၁စိတ်
  • သခွားသီးအသေး......၁လုံး
  • ခရမ်းချဉ်သီး.............၂လုံး
  • ငရုတ်သီးစိမ်း............၅တောင့်
  • ကြက်သွန်ဖြူ.............. ၃တက်
  • ငါးပိ.......................အနည်းငယ်
  • ပုစွန်အသေး..............၁၀ကောင်ခန့်
  • ငါးအသေး..................၁၅ကောင်ခန့်

ချက်ပြုတ်နည်း

1. ပထမဆုံးပြောင်းဖူးကိုနူးအောင်ပြုတ်ပါ။ပုစွန်ကိုခေါင်းချိုး ၊အခွံခွာပြီး ဆား၊သံပုရာရည်လေးအနည်းငယ် နှင့်နှပ်ထားပါ။

2. ငါးအသေးလေးတွေကိုအရသာနယ်ပြီးဂျုံ မှုန့်လေးကပ်လူးကာအကြွပ်ကြော်ပါ။

3. ငရုတ်ဆုံထဲ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတွေထည့်ထောင်းပါ။

4. ထန်းလျက်၊ငါးပိအနည်းငယ်ထည့်ပြီးဖိချေပါ။

5. သကြား၊ငါးငံပြာရည်၊သံပုရာရည်ညှစ်ချပြီးအရသာဖြည့်စွက်ပါ။သံပုရာသီးအခွံတွေပါထည့်ပါ။

6. သခွားသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ ဂေါ်ဖီထုပ်၊ပြောင်းဖူးတို့ကိုမိမိနှစ်သက်သလိုလှီးထည့်ပါ။
(အရောင်စပ်လှအောင် red cabbage လေးသုံးထားပါတယ်။)

7. နှပ်ထားတဲ့ပုစွန်အစိမ်းတွေထည့်မွှေပါ။ငါးအကြွပ်ကြော်လေးတွေနှင့်တွဲဖက်စားပါ။


No comments:

Post a Comment

@templatesyard