ငါးဇင်ရိုင်းအိုးကပ်


ပါဝင်ပစ္စည်း
  

  • ငါးဇင်ရိုင်း
  • ခရမ်းချဥ်သီး
  • သံပုရာသီး/ ရှောက်သီး
  • ကြက်သွန်ဖြူနီ
  • ငရုတ်သီးစိမ်း
  • ပင်စိမ်း
  • မဆလာ 

ချက်ပြုတ်နည်း  

1. ငါးဇင်ရိုင်းကို သန့်ရှင်းပြီး ရေအထပ်ထပ် ဆေးထားပါ။

2. ဆား ဆနွင်း အချိုမှုန့် သံပုရာသီးတလုံး ညှစ်ထည့်ပြီး နယ်ပြီး ခဏ သိပ်ထားပါရှင်။(ငါး မကြေမွရခြင်းရဲ့ လျို့ဝှက်ချက်က သံပုရာရည်ပါ။ချက်လိုက်တဲ့အခါ တောင့်တောင့်လေးဖြစ်စေပါတယ်။)

3. ကြက်သွန်ဖြူနီ ဆီသတ်ပါ။ခရမ်းချဥ်သီးထည့်ပါ အရသာလိုသလိုထည့်ပါ။ ခရမ်းချဥ်သီး ဆီလှိမ့်လာရင် ငါးနယ်ထားတာ ထည့်ပါ။ရေမထည့်ရပါ။ငါးအနည်းငယ်နူးလာပြီဆိုရင်ငရုတ်သီးစိမ်းထည့်ပါ။

4. မီးအရှိန်ကို အောက်ဆုံးထားလိုက်ပါ။ဇွန်းနဲ့မကော်ဘဲ အိုးကိုဘဲ လှုပ်လှုပ်ပြီး ချက်ပါ။

5. ကျက်ခါနီးပြီဆိုရင် မဆလာလေး နဲ့ ပင်စိမ်းလေး အုပ်လိုက်ပါ။ 


No comments:

Post a Comment

@templatesyard