ကြေးအိုးချက်နည်းမှာ ဟင်းရည်က အဓိက ကျတာမို့ အခု ပေးထားတဲ့ ချက်နည်းအတိုင်းသာ ချက်ပါ။တထပ်တည်းမကျရင်တောင် စားရတာ စိတ်တိုင်းတော့ ကျပါမယ်။ အသားလုံးတဲ့ အခါမှာလည်း တရုတ် မဆလာ ကြိုက်ရင် ထည့်ပြီး နှပ်ထားနိုင်ပါတယ်။ အသားလုံးကို ငါးဖယ်ထည့်လုံးနိုင်ရင်တော့ အကောင်းဆုံးပါ ဘဲ။ ငါးဖယ် ၀ယ်မရနိုင်ခဲ့ရင်တော့ ကော်မှုန့် နိုင်နိုင်လေးနဲ့ လုံးပေးပါ။
- ကြက်ရိုး (သို.မဟုတ်) ၀ကျရိုး
- အူစုံ ၊ အသည်းစုံ
- တောက်တောက်စင်းထားသော အသား
- ငုံးဥ
- ပဲပြား
- မုန်ညင်းစိမ်း
- ဆန်ပြား၊ ကြာဆံ
- ဘဲငန်းပျံ ငရုပ်ဆီ
- ရှာလကာရည်
- ငရုပ်သီးစိမ်း
- ကြက်သွန်ဖြူ
အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေ ရိုးရိုးနှင့် ထည့်ပြုတ်ပါ၊ ဆား ၊ အချိုမှုန်. သုံးလျှင် အချိုမှုန့် ထည့် လို့ရတယ်၊ ဒါပေမဲ့ ကြက်သားမှုန့်မထည့်ပါနဲ့၊ အရသာကို ပြောင်းသွားနိုင်လို့ပါ၊ နောက်ပြီး သကြားကို ချိန်ဆ ပြီး ထည့်ပါ၊ အချို လေးလေးဖြစ်အောင်ချိန်ဆထည့်ပါ၊ အရိုးများ နူး နေသည်အထိ ပြုတ်ပေးပါ။
သတိပြုရန်။ ။ အထက်ပါ အစာပလာများမှ လွဲပြီး တခြား ကောင်းနိုင်မည် ထင်သည့် အရာများ လျှောက် မထည့်ပါနဲ.။ အထူးသဖြင့် ဂျင်း၊ တရုပ်နံနံ လုံး၀ မထည့်ရပါ။
အသားနှင့် အရွက်များ ပြင်ဆင်ခြင်း
1. တောက်တောက်စင်းထားသော အသားများကို ကော်မှုန်.၊ ဆား၊ အချိုမှုန်.၊ ကြက်ဥ အကာ ( နှမြောလျှင် အနှစ်ပါ ထည့်)၊ တရုပ်ကြက်သွန်မိတ်၊ ငရုပ်ကောင်း တို.နှင့် နယ်ပြီး နှပ်ထားပါ။
2. မုန်ညင်းစိမ်းကို အရွက်ချွေထားပါ။
3. အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော်လှီးပြီး ဆား၊ အချိုမှုန့်တို့နှင့် နယ်ထားပါ။
အမျိုးအစား တခု ချင်းဆီကို ရေလဲပြီး တစ်ခုချင်းစီပြုတ်ပါ၊ ဗန်းထဲတွင် အသင့်ပြင်ထားပါ။ ( ဟင်းရည် ထဲတွင် အလွယ် ထည့်မပြုတ်ပါနဲ့)။
4. ငုံးဥ ကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထားပါ။
5. ပဲပြားကို လိုသလောက် လွာထားပါ၊
6. ဆန်ပြား နှင့် ကြာဆံ ကို ရေစိမ်ပြီ စစ်ထား၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ၊နှမ်းဆီ ငရုပ်ကောင်း ပြင်ဆင်ထား ခြင်း နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူ လောင်းထည့် ပြီး ပွဲပြင်မည့် နားတွင် အဆင်သင့် ပြင်ထားပါ။
1. သီးသန်. လက်ကိုင် အိုးထဲတွင် တစ်ပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်၊တည်နေချိန်တွင် အသားကို လုံးပြီး ထည့်ပါ။
2. အူစုံ အသည်းစုံထည့်ပါ။
3. ကြာဆံ (သို.) ဆန်ပြားကို အလိုရှိသလောက်ထည့်ပြုတ်ပါ။
4. ပဲပြား၊ ငုံးဥများကို ထည့်ပါ။
5. အရွက်စိမ်း နောက်ဆုံးမှ ထည့်ပါ။
6. ပွက်ပွက်ဆူလာလျှင် အသား ကျတ်မကျတ် ချိန်ဆ ပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ။
7. ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို.) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ။
အချဉ်ရည် ပြင်ဆင်နည်း
1. ငရုပ်သီး စိမ်း ကို ပါးပါးလှီးပါ
2. ရှာလကာရည် ၃ ဇွန်း
3. သကြားတဇွန်း
4. ဆားအနည်းငယ်
5. ငံပြာရည် အနည်း ငယ် နှင့်ရေအနည်းငယ် ထည့် ( ရေကျတ်အေး)
အားလုံးကို ထည့်မွေပြီးလျှင် အချဉ် နဲ့ အပေါ့အငံကို မြည်းကာ လိုတာတွေ ထပ်ထည့်ငရုပ်ဆီ နှင့် တွဲပြီး ကြေးအိုးကို စားသုံးနိုင်ပါပြီ။
No comments:
Post a Comment