ငါးခေါင်းအပ်မှိုချဉ်စပ်


ပါဝင်ပစ္စည်းများ

  • သန့်စင်ပြီး နှစ်သက်ရာ ငါးခေါင်း - ၂ ခေါင်း
  • ခရမ်းချဉ်သီးမှည့် - ၂ လုံး
  • မျှစ်ချိုနုနု - အနည်းငယ် (ရေစိမ်ထားပါ)
  • အပ်မှို - အနည်းငယ်
  • ငုံးဥ - ထည့်ချင်သလောက်ပြုတ်ထားပါ
  • နံနံပင်
  • ငရုတ်စိမ်းတောင့်
  • ပင်စိမ်း
  • သံပုရာသီးဂျင်း - လက်တဆစ်
  • ကြက်သွန်ဖြူ
  • ငြုပ်ပွ - ၁ တောင့်
  • စပါးလင် - ၁ ပိုင်း (ထုချေထားပါ)
  • ဆား
  • နနွင်း
  • ငံပြာရည်


ပြုလုပ်နည်း

ဂျင်း လက်တဆစ် ၊ ကြက်သွန်ဖြူ ၊ ငြုပ်ပွတစ်တောင့် တို့ကို ရောထောင်းထားပါ ။ စပါးလင် တစ်ပိုင်းကိုလည်း ထုချေ ထားပါ ။ငါးခေါင်းကို ဆား ၊ နနွင်း ၊ ငံပြာရည် ထည့်နယ်ထားပါ ။ ငုံးဥပြုတ်ထားပါ ။ မျှစ် ကိုရေစိမ်ထား ပါ ။ချက်မယ့်အိုးထဲ ငါးခေါင်းထည့် ၊ ဆီ ဇွန်းသေး ၁ ဇွန်းထည့် ၊ ကြက်သွန်ထောင်းထည့် ၊ စပါးလင်ထည့် ၊ ခရမ်းချဉ်သီးထည့် ၊ ဆုံဆေးရေအနည်းငယ်ထည့် တည်ထားပါ ။ဆူပွက်လာရင် အရသာမြည်းပါ မိမိ စိတ်ကြိုက် ပြင်ဆင်ပါ ။ ရေကို ငါးခေါင်းမြုပ်အောင်ထည့် ပြန်တည်ထားပါ ။ငါးခေါင်းနူးလာရင် မှို ၊ မျှစ် ၊ ငုံးဥထည့် ၊ နံနံ ၊ ငြုပ်စိမ်း ၊ ပင်စိမ်းအုပ်ပါ ။ ချခါနီးမှ သံပရာရည်ညှစ် ပူပူလေး သုံးဆောင်နိုင်ပါပြီ ။


No comments:

Post a Comment

@templatesyard