ပင်လယ်စာခေါက်ဆွဲကြော်


ပါဝင်ပစ္စည်း

  • ခေါက်ဆွဲခြောက်၁စည်း( သို့) အစို.............၄၀ သား
  • မိမိနှစ်သက်ရာအသား...အနည်းငယ်
  • ပုစွန်၊ ကင်းမွန်ရောရာ...၂၀ကျပ်သားခန့်
  • ကြက်ဥ .......................၃ လုံး
  • ဘိုစားပဲ......................၁၀ ကျပ်သား
  • ဥနီ.............................၁၅ကျပ်သား
  • ဂေါ်ဖီ........................၂၅ ကျပ်သား
  • ပန်းပွင့်.......................၁၅ ကျပ်သား
  • ကြက်သွန်မြိတ်...........၃ပင်
  • တရုတ်နံနံ...................၃ ပင်
  • ကြက်သွန်နီ................၁ လုံး (ပါးပါးလှီး)
  • ကြက်သွန်ဖြူ...........၅ တက်( နုပ်နုပ်စင်း)
  • ABCပဲငံပြာရည်အကြည်
  • ABCပဲငံပြာရည်အပျစ်
  • ခရုဆီ

ကြော်နည်း

1. ပထမဆုံးခေါက်ဆွဲနဲ့ရောကြော်မဲ့အသီးအရွက်တွေကိုအမျှင်ခပ်ကြီးကြီးပုစံရအာင်လှီးဖြတ်ထားပါ။

2. ခေါက်ဆွဲ ကို ရေနွေးဆူဆူမှာပြုတ်ပြီးရေအေးလောင်းအအေးခံထားပါ။

3. ဒယ်အိုးတစ်လုံးမှာခေါက်ထားတဲ့ကြက်ဥတွေကို ထည့်မွှေကြော်ပါ။

4. ချက်ချင်းဆိုသလိုအသားအနည်း ငယ်ထည့်ကြော်ပြီး ကြက်သွန်နီ၊ ဖြူတွေကိုလည်းထည့်မွှေပါ။

5. ပင်လယ်စာတွေထည့်ကြော်ပါ။

6. ထို့နောက်အသီးအရွက်တွေထည့်ပြီးပါ၀င်သောအရသာများဖြင့်ဖြည့်စွက်ပြီး၂ မိနစ်ခန့် အဖုံးအုပ်ထားပါ။

7. အသီးအရွက်တွေနှူးအိပြီဆိုလျှင်ပြုတ်ပြီးရေစစ်ထားတဲ့ခေါက်ဆွဲတွေထပ်ပေါင်းကာ မီးပြင်းပြင်းနှင့်၃ မိနစ်ခန့် ဆက်ကြော်ပေးပါ။

8. နောက်ဆုံးကြက်သွန်မြိတ်၊ တရုတ်နံနံတွေဖြူးထည့်ပြီးငရုတ်ကောင်းမှုန့်နှင့်တရုတ်မဆာလေးဖြူးပေးပါ။


No comments:

Post a Comment

@templatesyard