ရွှေပဲသီးနှင့်ပုစွန်ကြော်


ပါဝင်ပစ္စည်း

  • ရွှေပဲသီး...................၁၅ကျပ်သား
  • ပုစွန်ခွာပြီး.................၁၀ကျပ်သား
  • ကြက်သွန်ဖြူ............... ၃တက်ခန့်
  • ကြက်သွန်မြိတ်ဥ...........၅လုံး

ချက်ပြုတ်နည်း

1. ရွှေပဲသီးတွေကိုရေဆေးသန့်စင်ပြီးထိပ်၊အောက်အညှာဖြတ်ထားပါ၊အလှဆင်လိုသူတွေကတော့ပဲသီးရဲ့ ဟိုဖက်၊ဒီဖက်ထိပ်ကိုတြိဂံပုံလေးလှီးထုတ်ပစ်လိုက်ပါ။

2. ပုစွန်အကောင်သေးလေးတွေကိုလဲရေဆေး၊အခွံခွာပြီးအရသာနယ်ထားပါ။

3. ကြက်သွန်ဖြူ ကိုဓားပြားရိုက်ထားပြီးကြက်သွန်မြိတ်ဥလေးတွေကိုအပေါ်ခွံလေးချွတ်ခွာထားပါ။

4. ကြက်သွန်မြိန်ဥမပါလဲရပါတယ်။ပိုလျှံနေလို့အရသာပိုချိုအောင်ထည့်လိုက်ခြင်းဖြစ်ပါတယ်။

5. ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်လေးကိုအပူပေးပါ။

6. ဆီပူလာလျှင်ဓားပြားရိုက်ထားတဲ့ကြက်သွန်ဖြူကိုဆီသတ်ပါ။ချက်ချင်းဆိုသလိုပုစွန်တွေထည့်ပါ
(ကြက်သွန်ဖြူ တွေကျွမ်းသွားတဲ့အခါဟင်းပွဲမလှတော့ပါ)

7. ကြက်သွန်မြိတ်ဥလေးတွေလဲထည့်ကြော်ပါ။

8. ပုစွန်ကျက်စပြုပြီဆိုတာနှင့်ရွှေပဲသီးတွေထည့်ပါ။

9. ဆား၊သကြား၊ဟင်းခတ်မှုန့်၊ ခရုဆီတို့ဖြင့်အရသာဖြည့်စွက်ပါ။

10. မီးဖိုပေါ်ကချခါနီးမှာ ငရုတ်ကောင်းမှုန့်လေးဖြူ းပေးပါ။

11. စတင်ကြော်ချိန်မှသည်(၅)မိနစ်ထက်ကျော်လွန်ပြီးမချက်ပြုတ်သင့်ပါ။



No comments:

Post a Comment

@templatesyard