ဆိတ်သားစဉ်းကောဆီပြန်


ပါ၀င်ပစ္စည်းများ

  • ဆိတ်သား - 500 g
  • ခရမ်းချဉ်သီး - လှီးပြီးသား ready made တစ်ဗူး
  • ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  • သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း မောက်မောက်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ထောပတ် - 50 g
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  • ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  • ငရုတ်ကောင်းစေ့ - လဖက်ရည်ဇွန်း တစ်ဇွန်း မရှိတစ်ရှိ
  • နံနံစေ့ - လက်ဖက်ရည်ဇွန်း တစ်၀က်


ချက်ပြုတ်နည်း

1. ဆိတ်သားကို ရေဆေးပြီး နုတ်နုတ်ပါအောင် စင်းထားပါ။
2. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ။
3. ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ။
4. ငရုတ်ကောင်းနှင့် နံနံစေ့ကိုလှော်ပြီး မညက်တစ်ညက် ထောင်းထားပါ။
5. ခရမ်းချဉ်သီးဗူးကို ဖောက်ထားပါ။
6. ထောပတ် ဆီ ဆား ငရုတ်သီးမှုန့် အရသာမှုန့် ကော်မှုန့်နှင့် သံပုရာရည်တို့ကို ပြင်ထားပါ။
7. အဆင်သင့် ဖြစ်တာနဲ့ ခရမ်းချဉ်သီးမှလွဲပြီး ပါ၀င်ပစ္စည်း အားလုံးကို သမအောင် ရောမွှေပေးပါ။
8. ပြီးတာနဲ့ oven ထဲထည့်ဖုတ်မည့် ဇောက်နက်သော ဗန်းထဲကို ထည့်ပေးပါ။
9. ထည့်ပြီးသော အသားများ အပေါ်ကို ခရမ်းချဉ်သီးဗူး လောင်းထည့်ကာ ဖြန့်ပေးပါအပေါ်မှ ခဲပါတ်ဖြင့် လုံအောင်အုပ်ပေးပါ။Oven ကို 200°c ဖြင့် အသားမထည့်ခင် ၁၅မိနစ်ခန့် ကြိုဖွင့်ထားပါ။
10. အဆင်သင့် ဖြစ်တာနဲ့ အသားထည့်ထားသော ဗူးကို ဗန်းတစ်ခုခံပြီး oven ထဲ မိနစ်၄၀ခန့် ထည့်ဖုတ်ပေးပါ။
11. ၄၅ မိနစ်ပြည့်တာနဲ့ မွှေးပြီး အရသာ ကောင်းမွန်သော ဆိတ်သားစင်းကော ချိုချဉ်ငံစပ် မွှေးမွှေးလေးကို အရသာရှိစွာ စားသုံးနိူင်ပါပြီ။


No comments:

Post a Comment

@templatesyard