ပုဇွန်ပဲပြားကိုက်လန်ခရုဆီကြော်


ကြော်နည်း

မြန်မြန်ကြော်မြန်မြန်စားဟင်းတစ်ခွက် ဖြစ်တဲ့ ကိုက်လန်ခရုဆီကြော်စားတယ်...စားလို့ကောင်းမှကောင်း.. အဓိကဒီဟင်းရွက်ကြော်က ခရုဆီကိုအဓိက အရသာထွက်အောင်ကြော်ရမဲ့ဟင်းဆိုတော့..ခရုဆီ ကောင်းကောင်းကိုရွေးချယ်သုံးတတ်ဖို့တော့လိုပါလိမ့်မယ်..ကိုယ်သုံးနေတဲ့ပန်ဒါခရုဆီလေးဟာအနံ့ရော..
အရသာပါအရမ်းကောင်းတာပဲ..ဘာဟင်းပဲချက်ချက်ထည့်ချက်ရင်လေတကယ်လိုက်ဖက်တယ်...ခုလိုခရုဆီအသား
ပေးချက်ရကြော်ရမဲ့ဟင်းမျိုးဆိုပိုကောင်း...ခုကြော်ပြထားသလိုမျိုးအရသာလေးထွက်အောင်ဘယ်လိုကြော်ရမယ်ဆိုတာပြောပြမယ်နော်....
ကိုက်လန်ရွက် နုနုလတ်လတ်ဆတ်ဆတ်.လေးကိုသေချာအရွက်တွေသင်ပြီးရေဆေးထားပါ.ရေဆေးရင်ဆား အနည်းငယ်ထည့်ပြီးမိနစ်ပိုင်းလောက်စ်ိမ်ပီးမှဆေးတာကောင်းပါတယ်..ပုဇွန်အသေးလေးတွေကိုအခွံချွတ်သန့်စင်ရေဆေးပီး
ဆားငရုတ်ကောင့်းမူန့်လေးနဲ့နယ်ပီးအရသာသွင်းထား...ပဲပြားတွေကိုရေဆေးပြီးလေးထောင့်လေးတွေလှီးထား.ကြက်ဖြူနှစ်
မွှာကိုဓားပြားရိုက်ထား.ခရုဆီ ကိုအသင့်ပြင်ထား..ကြော်မယ်ဆိုရင်ဒယ်ဆီပူရင်ပဲပြားလေးတွေကိုအနည်းငယ် တင်းအောင်အရင်ကြော်ပြီးဖယ်ထား ပိုတဲ့ဆီနဲ့ကြက်ဖြူဆီသတ်မွှေးရင်ပုစွန်ထည့်ကြော်.ပုဇွန်လေးတွေ ကွေးပြီးတင်းလာရင်ကိုက်လန်ရွက်ထည့် .ခရုဆီထမင်းစားဇွန်းနဲ့နှစ်ဇွန်းထည့်.အရသာမူန့် ထည့်ပြီးမြန်မြန်မွှေ မြန်မြန်ကြော်ပေး.အဖုံးမအုပ်ရ.မီးပြင်းပြင်းနဲ့အိုးအပူရှိန်များလျှင်ခဏပဲကြော်ရပါတယ်.ခုလိုအစိမ်းရောင်မပျက် အရသာရှိတဲ့ကိုက်လန်ခရုဆီကြော်လေးရပါပြီ။


ခုကြော်တဲ့အချိန်မှာဆားထည့်မကြော်သွားပါဘူး.ဘာလို့လည်းဆိုတော့ပန်ဒါခရုဆီကအားလုံးအချိုအငန်အကုန်ထိန်းပီးသား
မို့ ဆားထည့်စရာမလို ပဲငံပြာရည်အပျစ်ထည့်စရာမလိုပါ၊သူတမျိုးတည်းနဲ့တင်အရသာအနံအားလုံးပြည့်စုံ ပါတယ်၊ အရသာကဘယ်လိုလေးလည်း လဲဆိုတော့ပဲပြားထဲမှာလည်းအရသာဝင်နေလို့.နူးနူးညံညံ့လေး နဲ့စားကောင်း ကိုက်လန်ရွက်ကလည်းချို ပုဇွန်လေးပါတော့ပိုကောင်းပေါ့။



No comments:

Post a Comment

@templatesyard