ပုဇွန်တုံယမ်းယိုးဒယားချဉ်စပ်


ပါဝင်ပစ္စည်းများ

  • ပုဇွန်ထုပ်
  • တုံယမ်း အနှစ်ထုပ်
  • ခရမ်းချဉ်သီး
  • ငရုပ်ပွ
  • ကြက်သွန်ဖြူ/ ဂျင်းအနည်းငယ်
  • ကြက်သွန်မိတ်

ပြင်ဆင်ပုံ

(၁) ပုဇွန်ကိုအခွံ့သင်ပြီး မှ ကျောခွဲထားပါ။ပြီးလျှင်အရသာနယ်ထားပါ။
(၂ ) ကြက်သွန်ဖြူ နဲ့ဂျင်းကိုအမြှောင်းကလေးများ လှီးပြီး ထားပါ။
(၃) ငရုပ်ပွကိုလှီးထားပါ။
(၄) ခရမ်းချဉ်သီး နှင့် ကြက်သွန်မိတ်ကို လှီးဖြတ်ထားပါ။

ချက်ပြုတ်ပုံ

(1) လှီးထားသောဂျင်းနဲ့ကြက်သွန်ဖြူကိုဆီသတ်ပြီး ပုဇွန်ထည့်ပါ။ တုံယမ်းအနှစ်ထည့်ပါ။
(2) အရသာမှုန့် ထည့်ပြီးငံပြာရည်အနည်းငယ်ထည့်ပါ။
(3) ပုဇွန် မကျက်ခင်မှာပဲ ငရုပ်ပွနှင့်ခရမ်းချဉ်သီးထည့်ပါ။
(4)အရသာအနေတော် ( ချဉ်စပ်အနေအထား) စိတ်ကြိုက်ဖြစ်ပြီး ပုဇွန်ကျက်သွားလျှင်အပေါ်ကကြက်သွန်မိတ် ဖြူးထည့်ပေးပြီး လျှင်မီးပိတ်ပြီး ပူပူနွေးနွေးခပ်ယူသုံးဆောင်ပါ။
မှတ်ချက်။     ။ အစပ်ကြိုက်လျှင်ငရုပ်သီးစိမ်းထည့်ပြီးသုံးဆောင်ပါ။ အုန်းနို့ အရည်ဗူးကိုအနည်းငယ်ထည့် လျှင်လည်းအနံ့အရသာမွှေးတဲ့ အုန်းနို့ပုဇွန်တုန်ယမ်းဟင်းတခွက်ဖြစ်လာမှာပါ။


No comments:

Post a Comment

@templatesyard