စလားဗီးယားငါးချဉ်စပ်


ပါဝင်ပစ္စည်းများ

  • စလားဗီးယား ငါးတကောင်
  • ပန်းငရုပ်ပွ (၂) ပွင့်
  • (ရှမ်းနံနံ (၂) စည်း
  • နံနံပင် (၂) စည်း
  • ငရုပ်သီးစိမ်းအနည်းငယ်
  • မကျီးရေ(သို့) ဗီနီကာအနည်းငယ်
  • ငံပြာရည်
  • ခရမ်းချဉ်သီး(၂) လုံး
  • ကြက်သွန်နီ (၄) လုံး
  • ကြက်သွန်ဖြူ (၅) မွှာနှင့်ဂျင်းလက်တဆစ်ခန့်

ပြင်ဆင်ပုံ

(1) ငါးကိုသေချာစွာသန့်စင်ပြီးလျှင်ဆားဆနွင်းနှင့် အရသာမုန့်တို့ရောနယ်ကာအကောင်လိုက်ကြော်ပေးပါ။
(2) နံနံပင်နှင့်ရှမ်းနံနံပင်တို့ကိုနုတ်နုတ်စင်းထားပါ။
(3)ကြက်သွန်နီကိုအတုံးသေးလေးများလှီးဖြတ်ထားပါ။
(4) ခရမ်းချဉ်သီးကို လေးစိတ်စိတ်ပြီးကန့်လန့် ၈ဖြစ်အောင်ထပ်မံ စိတ်ပါ။
(5) ငရုပ်သီးစိမ်း ပါးပါးလှီးထားပါ။

ချက်ပြုတ်ပုံ့အဆင့်ဆင့်

(၁)ဆီ ကိုဟင်းချက်ဇွန်းတဇွန်းထည့်ကာ ကြက်သွန်ဖြူနှင့်ဂျင်းငရုပ်သီးမှုန့်တို့ကို ထောင်းပြီးဆီသတ်ပေးပါ။
အနံမွှေးလာလျှင်ကြက်သွန်နီတုံးလေးများနှင့်ငရုပ်ပွတို့ကိုထည့်ပေးပါ။
(၂) ငရုပ်ပွ နှင့် ကြက်သွန်နီ သိပ်မနူးခင်မှာပဲ ခရမ်းချဉ်းသီးထည့်ပါ။ ကျော်ထားသည့် ငါးကို အကောင်လိုက် ထည့်မွှေပေးပါ။
(၄) ခဏကြာလျှင် ငရုပ်သီးစိမ်းနှင့်နံနံပင် ၂မျိုးကိုထည့်ကာ သကြား/ဆား/အရသာမှုန့်နှင့်ငံပြာရည်ထည့်ပေးပါ။မကျီးရေ (သို့) ဗီနီကာ လိုသလိုထည့်ပေးပါ။ရေအနည်းငယ်ထည့်ကာမပြစ်မကျဲအနေအထားလေးအတိုင်း ဆိုရပါပြီ။
မှတ်ချက်။   ။ ချဉ်စပ်ဆိုတော့ဆော့ရည်သတ်သတ်ပြင်ဆင်ထားလို့လဲရပါတယ်။ အချို့လူတွေကတော့ ဟင်းအနှစ်များကို ချက်ပြုတ်ပြီးမှ ငါးကြော်အပေါ် လောင်းထည့်ကြပါတယ်။


No comments:

Post a Comment

@templatesyard