ပုစွန်ခဝဲသီးကြော်


ပါဝင်ပစ္စည်းများ

  • ပုစွန်အကောင်သေး..........၂၀ ကောင်ခန့်
  • ခဝဲသီး...........................၃ တောင့်
  • ကြက်သွန်နီသေးသေး........၁ လုံး
  • ကြက်သွန်ဖြူ ...................၃ တက်
  • ပဲငံပြာရည်အကြည်
  • ဆား
  • ဟင်းခတ်မှုန့်

ချက်ပြုတ်နည်း

1. ပုစွန်တွေကို ခေါင်းချိုး၍ အခွံခွာထားပါ။

2. ခဝဲသီးတွေကိုအတောင့်လိုက်ရေပြောင်စင်အောင်ဆေးပြီးမှ အခွံခွာကာသင့်တော်သလိုလှီးဖြတ်ထားပါ။(အခွံခွာပြီးမှရေဆေးလျှင်အဟာရဓာတ်(အချိုဓာတ်)ဆုံးရှုံးနိူင်ပါသည်။)

3. ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်လေးကိုအပူပေးပြီး၊ ပုစွန်တွေကိုအိုးကင်းပူတိုက်ကာဆယ်ထုတ်ထားပါ။

4. ဆီအနည်းငယ်နှင့်ကြက်သွန်နီ ၊ဖြူ အရောကိုဆီသတ်ပေးပြီးမွှေးလာလျှင် ခဝဲသီးတွေထည့်ကြော်ပါ။

5. ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်အကြည်တို့ဖြင့်အရသာသွင်းပါ။

6. အိုးကင်းတိုက်ထားတဲ့ပုစွန်တွေပေါင်းထည့်ပြီးမွှေပေးပါ။

7. ငရုတ်ကောင်းမှုန့်လေးဖြူး ပြီးသုံးဆောင်နိူင်ပါပြီ။


No comments:

Post a Comment

@templatesyard