မုံရွာဝက်သားပြားဆီချက်ခေါက်ဆွဲ

 
ပါဝင်ပစ္စည်းများ (၅ပွဲစာ)
  • ဝက်သားအသားချည်း ၅၀၀ ဂရမ်
  • ကြာညို့ ၄ဇွန်း( စားပွဲတင်ဇွန်း)
  • ဆား၁ဇွန်း(အချိုဇွန်း)
  • ကြက်သားမှုန့် ၁ဇွန်း(စားပွဲတင်)
  • သကြား၁ဇွန်း( အချိုစားဇွန်း)
  • ဂျုံခေါက်ဆွဲပြား ( ၅ပွဲစာ)
  • ပဲပင်ပေါက်
  • ဆီစိမ်း
  • ကြက်သွန်မြိတ်
ဆော့အရည်လုပ်ရန်
  • ဆား ၂ဇွန်း (အချိုဇွန်း)
  • ကြာညို ၅ဇွန်း (စားပွဲတင်)
  • ကြက်သွန်ဖြူ ၃ဥ (ဓားပြားရိုက်ပါးပါးလှီး)
  • ကြက်သားမှုန့် ၂ဇွန်း(အချိုဇွန်း)
  • ရေနွေးပွက်ပွက် ၃ဇွန်းခန့် (စားပွဲတင်)
မှတ်ချက်။    ။ ခေါက်ဆွဲမချက်မှီ ဆော့ကိုပထမဆုံးကို ရောစပ်ထားပါ။


ချက်ပြုတ်နည်း

1. ဝက်သားကို ဆား၊ ကြက်သားမှုန့်ဖြင့်နယ်ပြီး ခဏအကြာ ရေမြုပ်အောင်ထားပြီးပြုတ်ပေးပါ။ နူးလာပြီဆိုရင် ဆယ်ပြီးအအေးခဏခံထားပါ။ အနည်းငယ်အအေးခံ၍ကြာညို့၊ သကြားတို့ဖြင့် ဆုပ်နယ်ထားပေးပါ။ ၁၅ မိနစ် ခန့် နယ်ပြီးရင် ဆီဒယ်အပူတွင် ရဲနေအောင်လှိမ့်ကြော်ပေးပါ။ ဝက်သားအဆင်သင့်ဖြစ်ပါပြီ။
 
2. ဝက်သားလေးများကိုအပြားလိုက်လေးများဖြစ်အောင်လှီးထားပါ။

3. ဆီချက်လုပ်မဲ့ ဂျုံခေါက်ဆွဲကို ဆီပူတွင် ကျွတ်နေအောင်ကြော်ထားပါ။ 
 
4. ပဲပင်ပေါက်လေးများကိုရေနွေးဖျောပေးထားပါ။

5. ခေါက်ဆွဲကိုမစားခင် ကျက်ရုံပြုတ်ပြီးရေအေးဆေးချထားပေးပါ။ စားခါနီးမှာ ရေနွေးလေးနဲ့ပြန်စိမ်ပါ။
 
 
ခေါက်ဆွဲပွဲပြင်နည်း
1. ပန်းကန်ထဲတွင် ခေါက်ဆွဲဖတ်လေးများကို ရေမစစ်တစစ်အနေနဲ့ ထဲ့လိုက်ပါ။

2. ပြုလုပ်ထားသောဆော့အရည်ကို ထမင်းစာဇွန်းနဲ့ ၃ဇွန်း ခန့်ထဲ့မွှေပေးပါ။ ဆီစိမ်း၊ပဲပင်ပေါက်၊ကြက်သွန်  မြိတ်များဖြူးကာ မုန့်ကျွတ်လေးများကိုလဲချေထဲ့ပေးပါ။ လှီးထားသောအသားပြားလေးများထည့်ကာ သုံးဆောင်နိုင်ပါပြီ။



No comments:

Post a Comment

@templatesyard