အမဲပုဆိုးကြမ်းစွတ်ပြုတ်ရေစိမ်ခေါက်ဆွဲ



ပါဝင်ပစ္စည်းများ

  • အမဲပေါင်ကြွက်လုံးသား...........၅၀ကျပ်သားခန့်
  • အူကြမ်း(ပုဆိုးကြမ်း)................၁ ပိဿာ ခန့်
  • နွားမြီး......................................၂ချောင်း
  • ချင်းကြီးကြီး.. .........................၁တက်
  • ရှောက်ကောလုံး....................၁လုံး
  • ဝှါးကြောင်းစေ့(မက်ခမ်သီး)...၁ဇွန်းခန့်

 

ချက်ပြုတ်နည်း

1. ပထမဆုံး အမဲအူကြမ်းတွေကိုသန့်စင်နေအောင်ရေဆေးပါ။အညှီနံ့ပျောက်လိုလျှင်ဗီနီဂါအရည်လောင်းပြီး
ပွတ်ဆေးပါ။

2. အမဲကြွက်သားလုံး၊နွားအမြီးတွေကိုလဲရေဆေးသန့်စင်ထားပါ။

3. ပွက်ပွက်ဆူနေတဲ့ရေအိုးတစ်လုံးမှာအမဲအူကြမ်းတွေကို(၅)မိနစ်ခန့်ပြုတ်ကာရေစစ်ယူထားပါ။

4. အိုးကြီးကြီးတစ်လုံးမှာပြုတ်ထားတဲ့အမဲအူကြမ်း၊အမဲပေါင်ကြွက်လုံးသား၊နွားမြီးတွေထည့်ပါ။

5. ဓားပြားရိုက်ထားတဲ့ချင်း၊မီးကင်ပြီးထုထားတဲ့ရှောက်ကောအလုံး၊လှော်ပြီးလုံးခြမ်းခွဲထားတဲ့ဝှါးကြောင်းစေ့
(မက်ခမ်သီး)တွေထည့်ပြီးဆား၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာသွင်းပါ။

6. ပထမဆုံးအနေနှင့်ရေမြုပ်သည်ဆိုရုံလေးဖြင့်အဖုံးပိတ်ကာမီးပြင်းပြင်းမှာစတည်ပါ။

7. အမြုပ်နှင့်အညစ်အကြေးတွေကိုစစ်ထုတ်ပါ။ရေအနည်းငယ်ပြန်ဖြည့်ပါ။အညစ်အကြေးနှင့်အမြုပ်
တွေကိုထပ်မံစစ်ထုတ်ပါ(ဟင်းရည်ကြည်စေရန်အတွက်)

8. ဟင်းရည်ကြည်ရပြီဆိုမီးပြင်းကိုလျှော့ချပြီးတစ်ပွက်ဆူအနေအထားမှာ.အူကြမ်း၊ကြွက်လုံးသား၊အမြီးတို့ကိုနှုးသည်အထိဆက်ပြီးတည်ထားပါ။

9. အားလုံးနှုးအိပြီဆိုရင်..တစ်ခုချင်းစီဆယ်ထုတ်ပြီးမိမိနှစ်သက်သောအနေအထားအရွယ်ပါးပါးလှီးပြီး
ပြုတ်ရည်အိုးထဲပြန်ထည့်ပါ။

10. ကန်စွန်းရွက် ၊ပဲပင်ပေါက်နှင့်ရေစိမ်ခေါက်ဆွဲတစ်ပွဲစာကိုအခြားရေဆူအိုးမှာပြုတ်ပါ။

11. အသားဖတ်နှင့်ဟင်းရည်တစ်ပွဲစာလောင်းချပြီးကြက်သွန်မြိတ်၊တရုတ်နံနံလေးဖြူး၊နှမ်းဆီချက်လေး
ဆမ်းကာငရုတ်သီးမှုန့်၊ငရုတ်သီးစိမ်း၊သံပုရာသီးစိတ်လေးများဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။


 

No comments:

Post a Comment

@templatesyard