ကြက်သားကြော်ဆီချက်

နောက်ဆီချက်တစ်မျိုးကတော့ ကြက်သားကြော်ဆီချက်ပါ။ ကြက်ဥခေါက်ဆွဲအမျှင်ကို အသုံးပြုထားပြီး ရိုးရိုးကြက်သားပြုတ်အစား ကြက်သားကြော်နဲ့ အစားထိုးထားတာပါ။


ပါ၀င်ပစ္စည်းများ

• ကြက်ပေါင်သား - အရိုးလွတ်တစ်ခု
• ကြက်သွန်မြိတ်လှီးပြီးသား - အနည်းငယ်
• ပဲငံပြာရည် - စားပွဲဇွန်း ၂ ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ကြက်ဥခေါက်ဆွဲအသေး - ၂၅၀ ဂရမ်
• ကြက်ဥ - ၁ လုံး
• ဂျုံမှုန့်+ ဆော်ဒါ - စားပွဲဇွန်း ၂ ဇွန်း +လက်ဖက်ရည်ဇွန်း ၈ ပုံတစ်ပုံ
• ကြက်သွန်ဖြူ
• ဆီ

ခေါက်ဆွဲနှင့် တွဲစားရန်ဆော့စ်

• ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၂ ဇွန်း
• ခရုဆီ - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြုလုပ်နည်း

1. ဦးစွာ ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ နနွင်းမထည့်ဘဲ ဆီသတ် ထားပါ။

2. အသားကို ပဲငံပြာရည်၊ ဆားနှင့် နာရီ၀က်ခန့်နှပ်ထားပြီးမှ ကြက်ဥ၊ ဂျုံမှုန့်လူးကာ ကပ်နေအောင်ကြော်ကာ ဆီစစ်ထားပါ။

3. ရလာသောကြက်သားကြော်အား လက်တစ်လုံးခန့်အထူရအောင် လှီးထားလိုက် ပါ။

4. ခေါက်ဆွဲကိုလည်းပြုတ်ထားပြီး ဆီချက်နှင့် ရောနယ်ပေးထားပါ။
(ခေါက်ဆွဲတစ် ပွဲစာကို ဆီ စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။

5. ထို့နောက် ဆော့စ်ထည့်ကာ သမအောင်မွှေပါ။
(ခေါက်ဆွဲတစ်ပွဲစာကို ဆော့စ် စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)

6. လှီးထားသော ကြက်သား၊ ကြက်သွန်မြိတ်နှင့် ဆီချက်များဆမ်းကာ တွဲဖက်သုံး ဆောင်ပါ။



No comments:

Post a Comment

@templatesyard