ရေစိမ်ခေါက်ဆွဲ(သို့)ရှမ်းခေါက်ဆွဲ

ပါဝင်ပစ္စည်များ( ၅ပွဲစာ)

  • ကြက်အသား ၃၀၀ ဂရမ်
  • ကြာညို(ပဲငံပြာရည်အကြည်) ၁ဇွန်း(စားပွဲတင်)
  • ငါးမျိုးစပ်မာဆလာ ၁ဇွန်း(အချိုဇွန်း)
  • ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
  • သကြား၁ဇွန်း(စားပွဲတင်)
  • ကြက်သွန်နီ၁လုံး၊ ဖြူ ၃မွှာ 
မှတ်ချက်။    ။ ဆန်ခါက်ဆွဲခြောက်ကိုနာရီဝက်ကြို ရေစိမ်ထားပါ။


1. ကြက်သားကို ကြာညို(ပဲငံပြာရည်အကြည်) ၁ဇွန်း(စားပွဲတင်)၊ five spice powder ၁ဇွန်း(အချိုဇွန်း)၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ သကြား၁ဇွန်း(စားပွဲတင်)တို့ဖြင့်နယ်ထားပါ။


2. ဆီပူတွင် ထောင်းထားပြီးသား ကြက်သွန်နီ၊ ဖြူများ ဆီသတ်ပြီး ရွှေဝါရောင်သန်းတဲ့အခါ ကြက်သားများ ထဲ့ပြီးလုံးပါ။ ရေလီတာဝက်ခန့်ထဲ့ပြီးအဖုံးအုပ်ထားလိုက်ပါ။ ဆီပြန်ရင်ရပါပြီ။


အစာပလာများ

ငရုတ်သီးဆီချက်
-ငရုတ်သီးလှော်မှုန့်၁ဇွန်း(စားပွဲတင်)
-ငရုတ်သီးခြမ်း၅ဇွန်း(စားပွဲတင်)
ငရုတ်သီးမှုန့်၁ဇွန်း၊ ငရုတ်သီးခွဲခြမ်း၃ဇွန်းတို့ရောပြီးဆီသတ်ထားပါ။

ရှောက်ကောဆီချက်

ရှောက်ကောပတ်ကော ၃လုံးခန့်ထုခွဲကာ အတွင်မှအဆံများနဲ့နာနတ်သီး ၃ပွင့်၊ သစ်ဂျပိုးခေါက် ၁ခေါက် တို့ကို ဆီပူမှာထဲ့ကြော်ကာ ဆီမွှေးချက်ထားပါ။

နှမ်းဆီချက်

ဆီပူတွင် နှမ်း၂ဇွန်း(စားပွဲတင်) ထဲ့ကာ ခွက်တခွက်ထဲဖယ်ထားပါ။


ချက်ပြုတ်နည်း

  • ကြက်သွန်ဖြူဆီသတ်ထားပါ။
  • မြေပဲစံလှော်ထောင်းထားပါ။
  • ကြက်သွန်မြိတ် ပါးပါးလှီးထားပါ။
  • ဆီတိုဖူး ၃တုံးလောက် ရေနွေးတဇွန်းခန့်ထဲ့ဖျောထားပါ။
  • ပဲရွက်အစား Spinach ကိုသုံးပါတယ်။ရေနွေးဖျောထားပါတယ်။
  • ကြက်ပြုတ်ရေပူပူတည်ထားပါ။ ပွက်ပွက်ဆူရင် ငရုတ်ကောင်းခတ်ပါ။
  • မုန့်ပန်းကန်တွင် ဟင်းရေပူပူတွင်နှစ်ထားပြီး နူးနေသောဆန် ခေါက်ဆွဲ တပန်းကန်စာ ထဲ့ပါ။ ကြက်သားဟင်း(လိုသလောက်)၊ဆီတိုဖူး ၊ မြေပဲစံ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူဆီချက်၊ ရှောက်ကောဆီချက် တို့အနဲငယ်စီ ထဲ့ပါ။ ဟင်းရေပူပူ လောင်းထဲ့ပါ။ Spinach ရေနွေးဖျောလေးများထဲ့ပါ။ ဟင်းရေပူပူ ၊ရှမ်းချဉ်တို့နှင့်တွဲ၍ စားသုံးလို့ရပါပြီ။


ခေါက်ဆွဲကိုပြုတ်ပြီးနူးတဲ့အခါ အထက်ပါအတိုင်း အရည်ကလွဲ၍အစာပလာများထဲ့ကာ ရှမ်းခေါက်ဆွဲသုတ် အနေနဲ့စားနိုင်ပါသည်။ တွဲဖက်အနေဖြင့် ငရုတ်ကောင်းမှုန့်ခတ်ထားသော ဟင်းချိုပူပူဖြင့် စားသုံးနိုင်ပါပြီ။


 

No comments:

Post a Comment

@templatesyard