ပါဝင်ပစ္စည်းများ
- ခေါက်ဆွဲခွေ ၅၀သား
 - နံရိုး ၃၀သား
 - ကြက်ရိုး ၃၀သား
 - ကြက်ဥ ၁လုံး
 - ကော်မှုန့် ၁၀သား(ရေဖျော်ထားပါ)
 - ပဲပင်ပေါက် ။
 - ကိုက်လန် ၁စည်း(ရေဆေးပြီး ခြွေထားပါ)
 - ကန်စွန်းရွက် ၁စည်း( ရေဆေးပြီး ခြွေထားပါ )
 - ကြက်သွန်မိတ် ၅ပင်(ရေဆေးပြီး လှီးထားပါ)
 - ကြက်သွန်ဖြူ ၃လုံး
 - ဂျင်း လက် ၁ဆစ်
 - နာနတ်ပွင့် ၁ပွင့်
 - ငရုတ်ကောင်းစေ့ ၅စေ့
 - ငရုတ်ကောင်းမှုန့် အနည်းငယ်
 - ရှီတာကီ မိူ ၆ပွင့်(ရေစိမ် ပါးပါးလှီးပါ)
 - တရုတ်မဆလာ အနည်းငယ်
 - ပဲငံပြာရည်အပျစ် ၁ဇွန်းခွဲ
 - ဆား/သကြား အနည်းငယ်
 
(အချိုမှုန့်/ကြက်သားမှုန့် အနည်းငယ်)သုံးလျှင်ထည့်သုံးနိုင်ပါသည်။)
ချက်ပြုတ်နည်း
1. နံရိုးပေါင်းရန် နံရိုးကို ကြက်သွန်ဖြူ ဂျင်းထောင်းရည် ဆား ပဲအပျစ် ငရုတ်ကောင်းနှင့်နယ်၍ ခဏနှပ်ထားပါ။ဆီ၁ဇွန်းထည့်ပါ။ပူလာလျှင် သကြား ၁ဇွန်းထည့် ရဲလာလျှင် နံရိုးထည့်ကြော်ပါ၊နံရိုးပါ ရေခမ်းလျှင် pressure cookerထဲသို့ပြောင်း၍ ရေ နို့ဆီဘူး ၁ဘူးခွဲထည့် ကြက်သွန်ဖြူ ၄မွှာ ထောင်းထည့်ပြီး မိနစ်၂၀ခန့်တည်ပါ။ရေခန်းဆီပြန်လျှင်ရပါပြီ။
2. ခေါက်ဆွဲ၊ ပဲပင်ပေါက်၊ ကိုက်လံ၊ ကန်စွန်းရွက်တို့ကို ရေဆူဆူမှာထည့်ပြုတ်ပြီး ရေအေးမှာစိမ်၍ ရေစစ်ထားပါ။
3. ကြက်သွန်ဖြူကိုကြော်ထားပါ။
4. ကြက်ရိုးများကို ကြက်သွန်ဖြူ၄မွှာ ဂျင်း နာနတ်ပွင့် ငရုတ်ကောင်းစေ့ထည့်၍ကြာကြာပြုတ်ထားပါ။မိူထည့်ပါ။ဆူတာကြာလျှင်တရုတ်မဆလာ၊ပဲငံပြာရည်အပျစ်ထည့်ပါ။ကြက်ဥခလောက်၍ထည့်မွှေပါ။၅မိနစ်ခန့်ကြာလျှင်အရသာအပေါ့အငန်ပြင်၍ကော်ရည်ထည့်မွှေပါ။ခဏကြာလျှင် ရပါပြီ။
5. ပန်းကန်ထဲသို့ ခေါက်ဆွဲ အရွက် နံရိုးထည့်ပါ။အရည်ထည့်၍ ကြက်သွန်ကြော် ကြက်သွန်မိတ်၊ငရုတ်ကောင်းမှုန့် ဖြူး၍ သုံးဆောင်နိုင်ပါပြီ။
ငပိထောင်း
- မျှင်ငပိ ကွမ်းသီးလုံးခန့် (မီးကင်ထားပါ)
 - ပုစွန်ခြောက် ၁ဇွန်း (ညက်အောင်ထောင်းထားပါ)
 - ကြက်သွန်ဖြူ ၁လုံး (မီးကင်ပြီး နွှာထားပါ)
 - ငရုတ်စိမ်း ၈တောင့်( မီးကင်ထားပါ )
 - အချိုမှုန့် အနည်းငယ်
 - သံပုရာသီး
 
- ကြက်သွန်ဖြူ ငရုတ်သီးစိမ်းကို ထောင်းထားပါ။ ပုစွန်ခြောက်၊ ငပိ ထည့်ပါ။ အချိုမှုန့်သုံးလျှင်ထည့်ပါ။ခဏရောထောင်းပြီးလျှင် ရပါပြီ။ သံပုရာသီးကြိုက်ရင် ညှစ်ထည့်နိုင်ပါသည်။


No comments:
Post a Comment