နံရိုးပေါင်းခေါက်ဆွဲ

 

နံရိုးပေါင်း ခေါက်ဆွဲမှာ တရုတ်ပဲအမဲအနှစ်က အခရာကျပါတယ်။ ပဲအမဲအနှစ်က ဟင်းလျာရဲ့ အရသာကို ချိုစိမ့်ပြီ ပိုမို ပေါ်လွင်စေပါတယ်။ ဒါကြောင့် ၀က်နံရိုးကို တရုတ်ပဲအမဲအနှစ်၊ ခရုဆီ၊ ဆန်ဝိုင်၊ ပဲငံပြာရည်၊ နှမ်းဆီတို့နဲ့ နာရီ၀က်နှပ်ပြီးမှ Pressurec cooker နဲ့ မိနစ် ၃၀ခန့် ပေါင်းထားပါ။ 


နံရိုးပေါင်းတွင် ပါ၀င်ပစ္စည်းများ

  • ၀က်နံရိုး - ၄၅၀ ဂရမ် (၁လက်မခွဲအရွယ် ပိုင်းဖြတ်ထားပါ)
  • ဟင်းရွက်ဆီ - စားပွဲတင်ဇွန်း ၂ဇွန်း
  • ဂျင်း - စားပွဲတင်ဇွန်း ၁ဇွန်း (ညက်အောင်ထောင်းပါ)
  • ကြက်သွန်ဖြူ - ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • တရုတ် ပဲအမဲအနှစ် - စားပွဲတင်ဇွန်း ၁ဇွန်း
  • ငရုတ်သီးစိမ်း - ၁တောင့် (ပါးပါးလှီးပါ)
  • ပဲငံပြာရည် - လက်ဖက်ရည်ဇွန်း ၃ဇွန်း
  • သကြား - စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ဆွမ်းအုပ် ဟင်းခတ်မှုန့်- လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ခရုဆီ - စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆန်ဝိုင် - စားပွဲတင်ဇွန်း ၁ဇွန်း
  • ကော်မှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့်(အဖြူ) - အနည်းငယ်

အခြားပါ၀င်ပစ္စည်းများ

  • ဂျုံမှုန့် - ၂၀၀ ဂရမ်
  • မုန့်ညှင်း - ၁စည်း (ရေနွေးဖျော်ထားပေးပါ)


ချက်ပြုတ်နည်း

1. အရင်ဆုံး ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း ဆီသပ်ပေးပါ။

2. ပြီးနောက် ပဲအမဲအနှစ်ထည့်ပြီး ရောမွှေလိုက်ပါ။

3. ထို့နောက် မီးပိတ်လိုက်ပြီ (၀က်နံရိုး၊ ဆီသပ်ထားတဲ့ ပဲအမဲအနှစ်၊ ခရုဆီ၊ ပဲငံပြာရည်၊ ဟင်းခတ်မှုန့်၊ ဆန်ဝိုင်၊ ကော်မှုန့်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ သကြား) တို့ကို သမအောင် ရောနယ်ပြီး နာရီ၀က်ခန့် နုပ်ထားပေးပါ။

4. နှပ်ပြီးလျှင် Pressure Cooker တွင် ရေ ခွက်(၄ပုံ၃ပုံ) ထည့်၍ နာရီ၀က်ခန့် အရိုးပါ နူးအိသည်အထိ အဖုံးအုပ်ကာ တည်ထားပေးပါ။

5. ၀က်နံရိုးရပြီဆိုလျှင် ခေါက်ဆွဲပြုတ်ပါ။ ဒယ်အိုးထဲ ရေများများထည့်ပြီ ပွက်ပွက်ဆူအောင် တည်ထားပါ။

6. ဆူလာလျှင် ဂျုံခေါက်ဆွဲများထည့်ပြီ ကျက်သည်အထိ ၄မိနစ်ခန့် တည်ထားပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။

7. အရင်ဆုံး ပန်းကန်ထဲ ဂျုံခေါက်ဆွဲ၊ မုန်ညှင်းတို့ ထည့်ပါ။

8. ပြီးမှ နံရိုးပေါင်း၊ နံရိုးပေါင်းချက်ထားတဲ့ ဆော့ရည်ဆမ်းကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

မှတ်ချက် ။ ။ နံရိုးပေါင်းချက်ရာတွင် pressure cooker ထဲရေကျန်ပါက ဒယ်အိုးထဲပြောင်းထည့်ပြီး ရေတစ်၀က်ခန်းသည်အထိ ပြန်တည်ပေးပါ။


 

No comments:

Post a Comment

@templatesyard