ဆန်စီး၊ဆန်ပြားသုတ်

 


ပါဝင်ပစ္စည်းများ
  • ဆန်စီး ၁ထုပ်
  • ဆန်ပြား ၅၀သား
  • ကြက်သား ၅၀သား
  • ကြက်သွန်ဖြူ
  • နှမ်း
  • မြေပဲ
  • ကြက်သွန်မိတ်
  • တရုတ်မဆလာ
  • ဆန်စီးကို ရေစိမ်ထားပါ။

 ချက်ပြုတ်နည်း

 1. ကြက်သားကို သေးသေးတုံး ဆားနယ်ပြီး ဆီ ကြက်သွန်ဖြူ၊ငရုတ်ပုထောင်းနှင့်ဆီသတ်၍ကြက်သား ထည့်ပါ။ ရေအနည်းငယ်ထည့်၍ကြက်သားနူအောင်ချက်ထားပါ။

2. ဆီ၊ ငရုတ်ပုထောင်း၊ ခရမ်းချဉ်သီးထည့်၍ ကြေအောင်ရေအနည်းငယ်ထည့်၍တည်ပါ။ ပဲငပိအချိုထည့်ပါ။

3. ဆီအနည်းငယ်နှင့် ငရုတ်ပုထောင်းကို ဆီသတ်ပါ။

4. ကြက်သွန်ဖြူထောင်း၍ ဆီချက်ချက်ပါ။

5. နှမ်းလှော်ကိုထောင်း၍ ဆီအနည်းငယ်နှင့်ဆီချက်ချက်ပါ။ တရုတ်မဆလာအနည်းငယ်ထည့်ပါ။
6. မြေပဲထောင်းထားပါ။
7. ကြက်သွန်မိတ်ပါးပါးလှီးထားပါ။
 
 
ပွဲပြင်ဆင်နည်း

1. ရေဆူဆူတွင် ဆန်စီး ပဲပင်ပေါက်ပြုတ်ပါ။ ပြီးလျှင်ရေစစ်ထားပါ။

2. ပန်းကန်ထဲသို့ ခရမ်းချဉ်သီးဆီချက်၊ ပဲငံပြာရည်အ၊ ကြည် ကြက်သားမှုန့် ၊ ဆန်စီးထည့်ပါ။ ကြက်သား ကြက်သွန်မိတ်ထည့်မွှေကာ သုံးဆောင်နိုင်ပါပြီ။

မှတ်ချက်။    ။ ဆန်ပြားပြုတ်ရင်သည့်အခါ အကြာကြီးမပြုတ်ရပါ။ ပျော့ပြဲသွားတတ်ပါသည်။

 (သားသတ်လွတ်သမားမရှိပါက
နံပါတ် ၁+၂+၃ ကိုပေါင်းချက် နိုင်ပါသည်။)

 

No comments:

Post a Comment

@templatesyard