ကြက်စဉ်းကောခေါက်ဆွဲသုပ်

 


ပါဝင်ပစ္စည်းများ

  • ကြက်သား – ၂၀ဝ ဂရမ်
  • ကြက်သွန်နီ – ၁ လုံး
  • ကြက်သွန်ဖြူ – ၅ မြွှာ
  • ခရုဆီ – စားပွဲဇွန်း ၃ ဇွန်း
  • ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အနောက် – စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကော်မှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သားမှုန့် – အနည်းငယ်
  • သကြား – အနည်းငယ်
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • နံနံပင် – အနည်းငယ်
  • နှမ်း – စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူကြော် – စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျုံခေါက်ဆွဲ (အစို)  – ၆၀ ဂရမ်
  • ကြက်သွန်မြိတ် – အနည်းငယ်

ပြုလုပ်နည်း

1. ခေါက်ဆွဲကို ရေနွေးဆူဆူထဲမှာ ဆားအနည်းငယ်ထည့်ပြီး ၂ မိနစ်ခန့် ပြုတ်ပါ။ ပြီးလျှင် ရေစစ်ပြီး ခေါက်ဆွဲ မကပ်အောင် ခေါက်ဆွဲကို ဆီနည်းနည်းဖြင့် နယ်ပြီး အအေးခံထားပါ။

အနှစ်ချက်ရန်အတွက်

1. ကြက်သွန်ဖြူ/နီကို ကြိတ်ပြီး ဆီ စားပွဲဇွန်း ၂ ဇွန်းဖြင့် ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ကြက်သား စဉ်းကောသားများထည့်ပြီး ဆီသတ်ပါ။ ခရုဆီ၊ ပဲငံပြာရည် (ကြည်/နောက်) များ ထည့်ပေးပါ။ ဆော့စ်ရအောင် ရေအနည်းငယ်ထည့်ပေးပါ။ အနံ့ အရသာရပြီဆိုလျှင် နံနံပင်ကို နုပ်နုပ်စဉ်းပြီး ထည့်ပါ။ ကော်မှုန့်ကို ရေဖျော် ပြီး ထည့်ပါ။ ဆော့စ်အနေအထားရပြီဆို ခေါက်ဆွဲနှင့် ရောပြီး ကြက်သွန်မြိတ် (ပါးပါးလှီး)၊ နှမ်းနှင့် ကြက်သွန် ဖြူကြော်တို့ကို ဖြူးထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

@templatesyard