ဖက်ထုပ်ခေါက်ဆွဲဆီချက်

 

ပါဝင်ပစ္စည်းများ(၄ယောက်စာ)

  • ကြက်ဥဂျုံခေါက်ဆွဲအစိမ်း.....၂၅ကျပ်သား
  • ဖက်ထုပ်ရွက်......................၁၅ရွက်
  • ဝက်သား............................၂၀ကျပ်သား
  • ကြက်သွန်ဖြူအသေး............၁၅တက်ခန့်
  • ကော်မှုန့်.............၂ဇွန်း( လက်ဖက်ရည်ဇွန်း)
  • ကြက်သွန်မြိတ်..............၅ပင်ခန့်
 

ပြင်ဆင်နည်း

1. ဝက်သား၂၀ကျပ်သားထဲမှ ၁၅ကျပ်သားကိုရေဆေးသန့်စင်၍ ၃/၄ပိုင်း ပိုင်းကာ ဆား၊ သကြား၊ကြက်သားမှုန့် တို့ဖြင့်နယ်ကာ ချင်းတစ်တက်ဓားပြားရိုက်ထည့်ကာ ရေမြုပ်သည်ဆိုရုံလေးထည့်ကာ ရေခမ်းသည်
အထိပြုတ်ပါ။

2. ကျန်သည့် ၅ကျပ်သားကို နုပ်နုပ်စဉ်းပြီး အရသာအနည်းငယ်၊ ကော်မှုန့်ရောထည့်နယ်ပါ။

3. ဖက်ထုပ်ရွက် အလယ်တွင် အနည်းငယ်ပုံပြီး တြိဂံပုံခေါက်ချပါ၊ အနားရွက် နှစ်ခုကို ခေါက်ချိုးလိမ်ပြီး ထိစပ်အောင်ခေါက်ပေးပါ။

4. ကြက်သွန်ဖြူအမွှာသေးတွေကို အခွံပါဓားပြားရိုက်နုပ်နုပ်စဉ် အကြွပ်ကြော်ကာဆယ်ယူ စစ်ထားပါ။

5. ပြုတ်ထားတဲ့ဝက်သားကရေခမ်းသွားပြီဆိုလျှင် ဆီပူပူတွင် ရွှေညိုရောင်ရအောင်ကြော်ပါ။

6. ကြက်သွန်မြိတ်ကိုပါးပါးလှီးထားပါ။



ပွဲပြင်ဆင်နည်း

1. ဆူနေသည့်ရေနွေးအိုးတွင် ကြက်ဥခေါက်ဆွဲတစ်ပွဲစာနှင့် ဖက်ထုပ် ၅ခုကိုပြုတ်ပါ။

2. ပြင်ဆင်မယ့်ပန်းကန်ထဲတွင် ပဲငံပြာရည်အကြည်၊ အသားကြော်ကပိုထားတဲ့ဆီ ထမင်းစားဇွန်း ၁ဇွန်းခန့်၊သကြား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်နှင့် အသားပြုတ်ရည်၁ဇွန်းခန့်ထည့်ပြီးပြင်ဆင်ထားပါ။

3. ပြုတ်ထားတဲ့ခေါက်ဆွဲနှင့် ဖက်ထုပ်နှုးအိပြီဆိုလျှင် ဆယ်ယူ၍ ပြင်ဆင်ထားသည့် ပန်းကန်ထဲထည့်ကာ အလျင် အမြန်မွှေပေးပါ။

4. ကြော်၍ပါးပါးလှီးထားသော အသား၊ ကြက်သွန်ဖြူအကြွပ်ကြော်၊ ကြက်သွန်မြိတ်ဖြူးပြီးသုံးဆောင်ပါ။




No comments:

Post a Comment

@templatesyard