ပါ၀င်ပစ္စည်းများ
- ဆန်ညှပ်ဖတ်
 - ကော်မှုန့်
 - သောက်ရေသန့်
 - ကန်စွန်းရွက်
 - ပဲပင်ပေါက်
 - ကြက်သားမှုန့်
 - ပဲငံပြာရည် (အကြည် အနောက်)
 - အသား (ကြက်။ ၀က်)
 - သကြား
 - ရှိတာကီ မှိုကြီးခြောက်
 - ပဲပြားခြောက်
 - ကြွက်နားရွက်မှို
 - ဘဲဥ
 - အီကြာကွေး
 - ကြက်သွန်ဖြူ
 - ငြုပ်ကောင်း
 - ငြုပ်သီး သံပုရာသီး (အချဉ်ပြုလုပ်ရန်)
 
ချက်ပြုတ်နည်း
1. ပဲပြားခြောက် ရှိတာကီမှိုကြွက်နားရွက်မှိုတို့ကို ရေစိမ်ထားပါ
2. အသားကို
 ဆားပဲငံပြာရည် အကြည်အနောက်နဲ့နယ်ပြီး နှပ်ထားပြီး နှစ်ရေ ခန်းလောက်ကို  
ကြို ပြုတ်ထာထးလိုက်ပါတယ်။ အသားပြုတ်ကိုဖယ်လိုက်ပြီး ပိုတဲ့ ပဲငံပြာရည် 
အနှစ်ထဲ အခွံခွာထားတဲ့ ဘဲဥပြုတ်ကို အရောင်ရသည်အထိ ပဲငံပြာရည် 
ခန်းသလောက်နီးနီး မီးဖိုပေါ်တည်ပါတယ်။ ပြီးမှ ၂ ခြမ်းခွဲ ပါတယ်။
3. ရေနွေးဆူဆူမှာ ကန်စွန်းရွက် ရေနွေးဖျော ဆယ်... ပြီးတော့ ဆန်ပြားကို ထည့် ချက်ချင်း ဆယ် ရေစစ်ထားပါတယ်။ 
4. မီးဖိုပေါ်မှာ
 ရေနွေးတည်ပါတယ်။ ကြက်သွန်ဖြူ ဓါးပြားရိုက်ထားတာထည့်ပါတယ်။ အသားမှုန့် 
နဲ့အတူ သကြားပါလေကာထည့်ပါတယ်။ (တကယ်က အရိုးပြုတ်ဟင်းနဲ့ဆို ပိုကောင်းမှာပါ 
... ဒါပေမဲ့ အရိုးပြုတ်က လူနဲတဲ့အိမ်တွေမှာ အဆင်မှ မပြေတာနော်)။ 
အဲဒီဟင်းချိုရည်ထဲကို ခုန ဘဲဥအရောင်တင်ထားတဲ့ ပဲငံပြာရည်လက်ကျန်ထဲက 
အနဲငယ်ကိုထည့်လိုက်ပါတယ်။ (အရောင်ခပ်ဖျော့ဖျော့လောက်ပါ။ 
အရမ်းအရောင်ရင့်မှာစိုးလို့နဲနဲချင်းထည့်ပါတယ်)။ ဆူလာပြီ အရသာလဲ မဆိုစလောက်
 အလေးဖက် စရောက်ပြီဆိုရင် ရေဖျော်ထားတဲ့ ကော်မှုန့်အရည်ကို 
တဖြည်းဖြည်းချင်း မပျစ်မကျဲ အနေတော် လောက်လေး အထိ ရအောင် ရောရင်း 
မွှေပါတယ်) ပြီး ခေါက်ထားတဲ့ ဘဲဥ ကြက်ဥ အရည်ကို တစက်ချင်း ထည့်ပါတယ်။ 
စိတ်တိုင်းကျ လောက်တဲ့ အနှစ် အနေအထားဆို  ဆန်ပြား ပဲပင်ပေါက် ဘဲဥ အသား 
အီကြာကွေး ကန်ဇွန်းရွက်ထည့်ထာတဲ့ ပန်ကန်ထဲ ဟင်းရည်ဆမ်း စားလို့ရပါပြီ။


No comments:
Post a Comment