ဆန်ပြားခေါက်ဆွဲသုတ်(သားသက်လွတ်)

 



ပါဝင်ပစ္စည်းများ

  • ဆန်ခေါက်ဆွဲပြား
  • ကိုရီးယားမိတ်ပဲအနှစ်
  • မြေပဲ ကြော်
  • ငရုတ်သီးကြော်
  • ကြက်သွန်ဖြူဆီချက်
  • နံနံပင်
  • ရှမ်းနံနံ
  • နှမ်းလှော်
  • ကြာညို့အချို( sweet soy sauce)
 

 ငရုတ်ဆီချက်ချက်နည်း

ငရုတ်သီးခြမ်း ၅ဇွန်း လိုပါမယ်။ ဒယ်ပေါ်မှာ ဆီ များများကို အပူပေးပါ။ ပူလာရင် ငရုတ်သီးထဲ့ ခနမွှေပါ။ ပဲငံပြာရည် ၃ဇွန်း သကြား ၁ဇွန်း ပါရောမွှေပြီး ဆီချက်ထားပါ။ ဒီငရုတ်ဆီကို သားသက်လွတ် အသုတ်တွေမှာ ထဲ့ သုတ်နိုင်ပါတယ်။

 
 ချက်ပြုတ်နည်း

1. ဆန်ပြားကို ရေနွေးပွက်ပွက်ဆူမှာ ကျက်သည်အထိ ထဲ့ပြုတ်ပေးထားပါ။ 

2. နံနံပင် ၊ ရှမ်းနံနံကို နုတ်နုတ်စင်းထားပါ။ မြေပဲကို အလုံးလိုက် ရဲရဲလေးအနေရအောင်ကြော်ထားပေးပါ။


3. ပြုတ်ပြီးသား ဆန်ပြား တပွဲစာကို ပဲပုပ်အငံ အနှစ်တဇွန်း( အချိုဇွန်း) ၊ ကြာညို့အချိုတဇွန်း( အချိုဇွန်း)၊ နှမ်းလှော်ထောင်းတဇွန်း ( အချိုဇွန်း)၊ ဆီကျက်တဇွန်း (ကြက်သွန်ဖြူဆီကျက်)( အချိုဇွန်း) ၊ ငရုတ်သီး ကြော်တဇွန်း( အချိုဇွန်း)၊ နံနံပင် တဇွန်း ရှမ်းနံနံပင် တဇွန်း (ဆားထဲ့ရန်မလိုပါ ပဲပုပ်ထဲငံနေပြီးသားမို့)၊ ပဲငံပြာရည် အနဲငယ်( သားသက်လွတ်မဟုတ်ရင်တော့ အသားမှုန့်ထဲ့သုတ်ပါ) တို့ထဲ့ မြေပဲကြော်အပေါ်က ဖြူးကာ နှယ်ပြီးစားသုံးနိုင်ပါပြီ။

No comments:

Post a Comment

@templatesyard