ပင်လယ်စာကြာဆံကော်ရည်

 

ပါ၀င်ပစ္စည်းများ
 
• ဆန်ကြာဆံ -၁၀၀ ဂရမ် (၆ ကျပ်ခွဲသား) (ရေစိမ်ထားပါ)
• ကြက်သားပြုတ်ပြီးသား -အနည်းငယ်
• မုန်ညင်း - အနည်းငယ်
• ဂေါ်ဖီ - အနည်းငယ်
• မုန်လာဥနီ - အနည်းငယ်
• ပြည်ကြီးငါး -အသေးတစ်ကောင်(သန့်စင်ပြီး လှီးထားပါ)
• ပုစွန် - ၄ ကောင်
• သကြား - လက်ဖက်ရည် ဇွန်း တစ်၀က်
• ဆား - လက်ဖက်ရည် ဇွန်း တစ်၀က်
• ငရုတ်ကောင်း - အနည်းငယ်
• ကြက်သားပြုတ်ရည် (stock) - ၂၅၀ မီလီလီတာ (ဖန်ခွက်တစ်ခွက်ခွဲ)
• ကြက်ဥ - တစ်လုံး (ခလောက်ထားပြီးသား)
• ကြက်သွန်ဖြူ - ၁မြွှာ
• ကြက်သွန်နီ ဥအသေး - ၁ ဥ
• ပြောင်းဖူးမှုန့် - စားပွဲဇွန်းမောက်မောက် ၁ ဇွန်းကို ရေ ၂ ဇွန်းနဲ့ ရောမွှေထားပေးပါ
(ပြောင်းဖူးမှုန့်မရှိခဲ့ရင် ကော်မှုန့်အစားထိုးနိုင်ပါတယ်။ ဒါပေမယ့် ကော်မှုန့်က ပိုပျစ်တဲ့အတွက် အပျစ်အကျဲကိုတော့ ပြန်ချိန်ဆပေးရပါလိမ့်မယ်)

ချက်ပြုတ်နည်း
     

1. ပထမဆုံး ရေစိမ်ထားသည့် ကြာဆံကို ဆီပူပူပေါ်ဖြင့် ဆီ(စားပွဲဇွန်း ၁ ဇွန်း) ကြက်ဥလေးတောက်ပြီး ကြော်ပေးပါ။ ၂ မိနစ်လောက်ကြော်ရင်ရပါပြီ။ ပြီးရင် ဖယ်ထားလိုက်ပါ။

2. နောက် ဆီ(စားပွဲဇွန်း ၁ ဇွန်း)ကို အပူပေးပြီးနုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူ/နီကို ထည့်ကြော်ပေးပါ။

3. အနံ့မွှေးတက်လာရင် ဂေါ်ဖီနှင့်မုန်လာဥနီကိုထည့်ပေးပြီး ၁ မိနစ်လောက်ကြော်ပေးပါ။

4. နောက် ကြက်ပြုတ်ရည်ကို ထည့်ပေးပါ။ကြက်ပြုတ်ရည်ဆူလာရင် ကြက်သား၊ ပုစွန်၊ ပြည်ကြီးငါး၊ မုန်ညင်း အားလုံးကိုထည့်မွှေပေးပါ။ခဏတည်ပေးပြီးရင် ဆား၊သကြား နဲ့ ငရုတ်ကောင်းကို ဖြူးပေးပါ။

5. ကြက်ဥကိုလည်းထည့်ပေးပြီး အသာအယာမွှေပေးပါ။ နောက်ဆုံးမှ အသင့်ပြင်ထားတဲ့ကော်ရည်ကိုထည့် ပေးပါ။ ဆူလာရင်ရပါပြီ။

6. ပွဲပြင်ဖို့အတွက် ကြော်ထားသည့် ကြာဆံကိုထည့်ပေးပြီး ချက်ထားတဲ့ဟင်းရည်ကိုဆမ်းပြီး ချက်ချင်း သုံးဆောင်ပါ။



No comments:

Post a Comment

@templatesyard