မိုးကုတ်မြီးရှည်

 


ပါဝင်ပစ္စည်းများ

  • မြီးရှည်ခြောက်....................၁ထုပ်
  • ကြက်သား(သို့)ဝက်သား......၃၀ကျပ်သား
  • ပဲငါးပိ..............................အနည်းငယ်
  • ကော်ရည်.........................တစ်ပန်းကန်
  • ဆီချက်............................လိုအပ်သလို
  • ကြက်သွန်မြိတ်
  • နံနံပင်
  • ငရုတ်ကောင်းမှုန့်၊ 
  • ကြက်သွန်ဖြူအကြွပ်ကြော်
  • ကြက်သွန်နီကြွပ်ကြော်
  • ပဲပင်ပေါက်...........အနည်းငယ်


ချက်ပြုတ်နည်း



1. မြီးရှည်ခြောက် ကိုအနည်းဆုံးနာရီဝက်ခန့်ကြိုတင်ရေစိမ်ထားပါ။ အစိုဖတ်ရနိူင်လျှင်ပိုကောင်းပါသည်။

2. အသားကိုနှုးအောင်ပြုတ်ပြီးနုပ်နုပ်စဉ်းပါ။ (ဝက်သားသုံးမယ်ဆိုရင်တော့သုံးထပ်သားလေးကိုအသုံးပြု စေလိုပါတယ်။)

3. ကော်ရည်ကြိုရန်အတွက် ရေလီတာဝက်ခန့်ကိုအပူပေးပါ။ပဲငံပြာရည်၊ဆား၊သကြား၊ရှာလကာရည် အနည်း ငယ်တို့ဖြင့် အရသာသွင်းပါ။ ကော်မှုန့်ကိုအရည်ဖျော်ပြီးထည့်မွှေပေးပါ။(အရောင်လေးနဲ့လှပစေလိုရင်တော့ ငရုတ်ဆီအနှစ်(၁)ဇွန်းလောက် ကိုအသုံးပြုနိူင်ပါတယ်။)

4. ကြက်သွန်မြိတ်၊နံနံပင်တို့ကိုပါးပါးလှီးပါ။မုန့်ကြွပ်ကြော်၊ကြက်သွန်နီကြော်တို့ကိုပြင်ဆင်ပါ။

5. စားသုံးတော့မယ်ဆိုရင်ပဲပင်ပေါက်အနည်းငယ်နင့်မုန့်ဖတ်(၁)ပွဲစာကိုရေနွေးဆူဆူမှာပြုတ်ပါ။

6. ပြင်ဆင်မယ့် ပန်းကန်ထဲပြောင်းထည့်ပါ။ ပဲငံပြာရည်၊ သကြား၊ ဟင်းခတ်မှုန့်၊ ရှာလကာရည်တို့ဖြင့် အရသာသွင်းပါ။

7. အသင့်ကျိုထားတဲ့ကော်ရည်ကို အရည်သောက်(၁)ဇွန်းစာခန့်ဖြန့်ထည့်ပါ။ 

8. ပဲငါးပိကိုမိမိနှစ်သက်သလိုထည့်ပါ။ဆီခက်အနည်းငယ်ထည့်ပါ။

9. ပြုတ်ပြီးနုပ်နုပ်စဉ်းထားတဲ့အသား(၁)ဇွန်းခန့်ထည့်ပါ။


10. ကြက်သွန်မြိတ်၊နံနံပင်၊မုန့်အကြွပ်ကြော်၊ကြက်သွန်နီကြော်တို့ဖြူးပေးပါ။

11. ငရုတ်ကောင်းမှုန့်လေးဖြူးပြီးရင်စားသုံးရန်နိုင်ပါပြီ။


ရှမ်းချဉ်၊ဟင်းချိုရည်၊ဝက်ခေါက်ကြော်(သို့)နံပွကြော်၊ဝက်သားချဉ်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါသည်။


 

No comments:

Post a Comment

@templatesyard