ထိုင်းဆန်ပြားကြော်

 


ပါဝင်ပစ္စည်းများ
• ဆန်ပြားအစို - ၅ဝဝ ဂရမ်
• ပဲငံပြာရည်အနောက် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ကိုက်လန် - ၃ ပင်
• ဆီ - စားပွဲဇွန်း ၂ ဇွန်း


Marinate လုပ်ရန်လိုအပ်ပစ္စည်းများ

 
• ကြက်သား - ၂ဝဝ ဂရမ် (ပါးပါးလှီးထားပါ)
• ပုစွန် - ၁၅၀ ဂရမ် (အခွံခွာပြီး အခွံကို ပြုတ်ရည်လုပ်ရန်သိမ်းထားပါ)
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• ပဲငံပြာရည်အကြည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ကြက်ရိုး - ၁ ခြမ်း
• ပုစွန်အခွံ - ၁၅၀ ဂရမ်
• ရေ
• ကော်မှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ပဲငံပြာရည်အကြည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ခရုဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ငရုတ်ကောင်းမှုန့်အဖြူ - အနည်းငယ်
• နှမ်းဆီမွှေး - အနည်းငယ်
• ကွကျဥအကာ - ၁ လုံး
ငရုတ်ချဉ်တည်ရန် လိုအပ်တာတွေကတော့-
• ငရုတ်သီးစိမ်း - ၅ တောင့် (ပါးပါးလှီးထားပါ)
• ရှလကာရည် - စားပွဲဇွန်း ၅ ဇွန်း
• ဆား - အနည်းငယ်
• သကြား - အနည်းငယ်

 

ဆော့စ်အတွက်လိုအပ်ပစ္စည်းများ

 
• ကြက်သွန်ဖြူ - စားပွဲဇွန်း ၂ ဇွန်း (နုပ်နုပ်စဉ်း)
• တရုတ်ပဲငါးပိ - စားပွဲဇွန်း ၁ ဇွန်း
• အရိုးပြုတ်ရည် - ၂ ခွက်
• ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၁/၂ ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း ၂ ၁/၂ ဇွန်း
• ကော်မှုန့် - စားပွဲဇွန်း ၂ ဇွန်း
• ငရုတ်ကောင်းမှုန့်အဖြူ - အနည်းငယ်



ပြုလုပ်နည်း

1. ပုစွန်အခွံကို ပန်းရောင်သန်းသည်အထိ လှော်ပါ။ ပြီးလျှင် အရိုးပြုတ်ရည်အိုးထဲ ထည့်ပြီး ပြုတ်ပါ။ မီးအေးအေးနဲ့ တည်ထားပြီး ဆန်ခါဖြင့် စစ်ထားပါ။


2. ခေါက်ဆွဲနဲ့ တွဲစားရန် ငရုတ်ချဉ်လုပ်ဖို့အတွက် ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး ရှလကာရည်၊ ဆားနှင့် သကြားထည့်ပြီး အချဉ်တည်ထားပါ။


3. ကြက်သားကို Marinate လုပ်ရန် လိုအပ်တဲ့ ပါဝင်ပစ္စည်းအားလုံးနှင့် နယ်ပြီး နှပ်ထားပါ။


4. ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာသည်နှင့် ဆန်ပြားထည့်ပါ။


5. ပြီးလျှင် ပဲငံပြာရည်အနောက်ထည့်ပြီးမွှေပါ။ ဆန်ပြားကိုနီညိုရောင်သန်းအောင်ကြော်ပြီး ဆယ်ယူထားပါ။


6. ဆော့စ်ချက်ရန်အတွက် ဒယ်အိုးထဲ ဆီထည့်ပြီး ကြက်သွန်ဖြူနှင့် တရုတ်ပဲငါးပိ ထည့်ပြီး ဆီသတ်ပါ။


7. ပြီးလျှင် နှပ်ထားတဲ့ ကြက်သားထည့်ပြီး ကြော်ပါ။ ကြက်သားအရောင်ပြောင်းသည် နှင့် ပြုတ်ရည်ထည့်ပြီး တည်ထားပါ။


8. ပြုတ်ရည်ဆူလာလျှင် ကိုက်လန်ထည့်ပါ။


9. ပြီးလျှင် ပဲငံပြာရည်အကြည်၊ သကြားနှင့် ငရုတ်ကောင်းမှုန့်ထည့်ပြီး ဆူအောင် တည်ပါ။


10. ဟင်းရည်ပျစ်စေရန် ကော်မှုန့်ကို ရေဖျော်ပြီး ထည့်ပါ။ ပြီးလျှင် ကြော်ထားတဲ့ ဆန်ပြားအပေါ်တွင် လောင်းထည့်မွှေကာ စားသုံးနိုင်ပါပြီ။ ဆန်ပြားကြော်ကို ငရုတ်သီးစိမ်းချဉ်နှင့် တွဲပြီး စားနိုင်သည်။


 

No comments:

Post a Comment

@templatesyard