ကြက်သားချဥ်စပ်

 


ပါဝင်ပစ္စည်းများ

  • ကြက်အသား(သေးသေးတုံးထားရန်)
  • ကြက်သွန်နီ
  • ကြက်ဖြူ
  • ဂျင်း
  • ငရုတ်အရောင်တင်မှုန့်
  • ငရုတ်လေးစိပ်ကွဲ
  • ခရမ်းချဥ်သီး
  • ဆား
  • အချိုမှုန့်
  • ပဲငံပြာရည်အနောက်
  • ပဲငံပြာရည်အကြည်
  • ငံပြာရည်
  • သကြား
  • ဗင်နီကာ
  • ရှမ်းနံနံ



ချက်ပြုတ်နည်း

 
1. ကြက်ရင်ပုံကို အသားလွှာပြီး သေးသေးတုံးကာ ဆား၊ အချိုမှုန့် ပဲငံပြာရည်အနောက်၊ ငံပြာရည်
အကြည် တို့နဲနယ်ထားပါ။

2. ဂျင်း၊ ကြက်သွန်နီ၊
ကြက်သွန်ဖြူတို့ကို ထောင်းထားပါ။

3. ဆီအိုးတည်၊ ဆီဆူရင် ထောင်းထားတဲ့ကြက်သွန်ထည့်ပါ၊ကြက်သွန်နွမ်းရင် ငရုတ်သီးအရောင်တင်မှုန့်နဲ့ ငရုတ်သီးလေးစိပ်ကွဲထည့်ပြီး ဆီသတ်ပါ။ ပြီးရင် ကြက်သားထည့်လုံးပါ။

4. ကြက်သားလုံးရေခမ်းရင် ဗင်နီကာနဲ့သကြားနဲနဲထည့်ပါ ရေထည့်ပြီး အသားနူးအောင်တည်ပါ။

5. အသားနူးရင် ခရမ်းချဥ်သီး အစိပ်လေးတွေတုံးပြီးထည့်ပါ။ 

6. ဆီပြန်ရင် ရှမ်းနံနံအုပ်ကာ သုံးဆောင်နိုင်ပါပြီ။

(ဝက်သားကိုလည်း ဒီနည်းအတိုင်း ချက်စားနိုင်ပါတယ်။)


 

No comments:

Post a Comment

@templatesyard