အမဲရွတ်အာလူးအစပ်ချက်

 


ပါဝင်ပစ္စည်းများ

  • အမဲအရွတ်
  • အာလူး 
  • ခရမ်းချဉ်သီး ၂ လုံး
  • ကြက်သွန်နီ ၂ လုံး 
  • ကြက်သွန်ဖြူ ၅ တက်
  • ငရုတ်သီးစိမ်း 
  • ငါးပိစိမ်း 
  • နံနံပင်


ချက်နည်း

1. အာလူးကိုအခွံခွာအစိတ်ကြီးကြီးစိတ်ပြီးဆားပါးပါးထည့်နယ်ပါ။


2. အမဲအရွတ်ကို ရေသေချာဆေးပါ။ အမဲအရွတ်ကို ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်နဲ့ နယ်ထားပါ။ 

3. ကြက်သွန်ဖြူ နီကို ထောင်းထားပါ (သို့) တောက်တောက်စင်းထားပါ။ ခရမ်းချဉ်သီး ရေဆေးပြီး ပါးပါးလှီးထားပါ။ 

4. ချက်မယ့်အိုးထဲသို့ဆီထည့်ပါ။ ဆီကျက်လာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ နီထည့်ပြီး အိလာအောင် ကြော်လိုက်ပါ။ အရောင်တင်မှုန့် နဲ့ ဆနွင်းမှုန့် နည်းနည်းစီထည့်ပါ။

5. ပါးပါးလှီးထားသော ခရမ်းချဉ်သီး၊ ငါးပိစိမ်း၊ ဆား၊ အချိုမှုန့် နည်းနည်းထည့်ပါ။ 

6. အမဲအရွတ်ကိုထည့်ပါ။ ၅ မိနစ်လောက် လုံးပေးကာ ရေနွေးနည်းနည်းထည့်ပါ။ 

7. တစ်ရေနူးပြီးမှ အာလူးထည့်ကာ နူးနေအောင်တည်ထားပါလေ။ ဆီပြန်လာခါနီး ငရုတ်သီးစိမ်း၊ နံနံပင် ထည့်ပါ။ 

8. အနံ့မွှေးကြိုင်လာပါက ဆားအပေါ့ အငန် မြည်းကာ သုံးဆောင်နိုင်ပါပြီ။ 


 

No comments:

Post a Comment

@templatesyard