ကရင်ငပိရေကျို

 


ပါ၀င်ပစ္စည်းများ

  • ငပိရည်
  • ငါးခူ
  • ငရုတ်သီးစိမ်း
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • အချိုမှုန့်
  • နနွင်းမုန့်
  • ဆပလင်
  • ခရမ်းချည်သီး
  • ငရုတ်သီးစိမ်း


ပြင်ဆင်ပြုလုပ်နည်း

1. ငပိရည်ကိုအရင်ကျိုပါ။ ငပိရည်ကျက်ပါက အရိုးစစ်ပြီး နောက်တစ်ကြိမ် ကြိုက်နှစ်သက်ရာ ငါးကိုထည့်ကာ ရောချက်ပါ ။ ငါးခူနဲ့ပိုကောင်းပါတယ် ။


2. ငါးကျက်ရင် ငါးရဲ့ အသားလေးကို နွှာပြီး အရေ သက်သက် ၊ အသား သက်သက် ၊ ဖယ်ထား လိုက်ပါ ။

3. ငရုတ်သီးစိမ်း၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူကို လှော်ပြီး အချိုမုန့်လေး နည်းနည်းထည့်ကာ ညက်အောင် ထောင်းပြီး နွှာထားတဲ့ ငါးအသားလေးပါ ရောထောင်းပါ ။

4. ဖယ်ထားတဲ့ ငပိရည်ကို ဆူအောင် နောက်တစ်ခါ ပြန်ကျိုပြီး ၊ ထာင်းထားတာလေးတွေထည့် ၊ ခဏလေး မွှေလိုက်ရုံနဲ့ မွေးကြိုင်တဲ့ ကရင်ငပိရည်ကျိုလေးကို ရပါပြီ ။
 

5. ငပိရည် ကျိုတဲ့ အခါ နနွင်းမုန့်နဲ့ ဆပလင်လေးပါ ထုပြီး ထည့်ပါ ။ခရမ်းချည်သီးနဲ့ ငရုတ်သီးစိမ်းကြို ပြုတ်ပြီး ထောင်းထည့်လို့လည်း ရပါတယ် ။ လှော်ပြီး ထောင်းထည့်ရင်တော့ ပိုမွေးပါတယ် ။
 

6. ကြိုက်နှစ်သက်တဲ့ တို့စရာများ နဲ့ စားသုံးပြီး ထမင်း အရမ်းမြိန်မှာပါ ။


 

No comments:

Post a Comment

@templatesyard