ပြောင်းဖူးစအုကြော်

 


ပါဝင်ပစ္စည်းများ

  • ပြောင်းဖူး - ၁ ဖူး )
  • ယိုးဒယားအကြော်မှုန့် - ထမင်းစားဇွန်း ၃ ဇွန်း
  • ကြက်ဥ - ၁ လုံး
  • ဆား - အနည်းငယ်
  • ကြော်ရန် ဆီ

ပြုလုပ်နည်း

 1. ပြောင်းဖူး - ၁ ဖူးကို ပြုတ်ပြီးသားကို ဓားနှင့်ခြစ်ထားပါ။ 

2. အကြော်မှုန့်ကို ဆား၊ ကြက်ဥတို့နှင့် နှံ့အောင် ပျစ်ပျစ်ဖျော်ထားပါ။

3. ခြစ်ထားသော ပြောင်းဖူးကို ထည့်မွှေပါ။

4. ဆီကို အကြော်မြုပ်အောင်ထည့်၍ အပူပေးပြီး ထမင်းစားဇွန်းဖြင့် အနေတော်ခပ်ထည့်ပါ။

5. ရွှေရောင်သန်းလာလျှင် ဆီစစ်ပြီး စားရန် အသင့်ဖြစ်ပါပြီ။


 

No comments:

Post a Comment

@templatesyard