ကြက်ချိုချဉ်ကြော်

 


ပါဝင်ပစ္စည်းများ

  • ကြက်သားစဉ်းကော
  • ဆီ
  • ဂျင်း
  • ကြက်သွန်ဖြူ
  • ခရမ်းချဉ်သီး
  • ငရုတ်ပွ
  • မုန်လာဥနီ
  • ကြက်သွန်နီ 
  • ရွှေပဲသီး
  • ဆနွင်းမှုန့် 
  • အရောင်တင်မှုန့်
  • ဆား 
  • သကြား
  • ဟင်းခတ်မှုန့်
  • ကော်မှုန့်
  • ကြက်ဉ
  • ခရမ်းချဉ်သီးဆော့စ်
  • ခရုဆီ 
  • ပဲငံပြာရည်(အကြည်၊အနောက်)


ချက်ပြုတ်နည်း

1. ကြက်သားစဉ်းကောများကို ဆနွင်း ၊ ကော်မှုန့်( ၃ဆ ၁ဆ ) ၊ ဆား ၊ သကြား ၊ ဟင်းခတ်မှုန့် ၊ ကြက်ဥ (၁လုံး) ၊ တရုတ်ငရုတ်ကောင်းမှုန့်အနည်းငယ် တို့နှင့် နယ်ပြီး ၁၅မိနစ်ခန့် နှပ်ထားပါ။


2. ကော်မှုန့်(ဟင်းအနှစ်ကို မိမိပျစ်ချင်သောပမာဏမှန်းထည့်ရန်) ၊ ဟင်းခတ်မှုန့် ၊ သကြား ၊ ပဲငံပြာရည် (အကြည်၊အနောက်) အနည်းငယ် ၊ ခရုဆီ ၊ ခရမ်းချဉ်သီးဆော့စ်တို့ထည့်ပြီး ရေ(ရေပူမဟုတ် ) ကိုကော်နှင့်ချိန် ကာ မိမိလိုသလောက် ဖျော်ပြီး ဆော့စ်အသင့်ပြင်ထားပါ။(ကော်မှုန့်ကျေအောင်လက်ချေပြီးဖျော်ပေးပါ။)

3. ဆီအိုးတည်ပါ ဆီပူလာလျှင် မီးမနည်းမများဖြင့် ကြက်သားစဉ်းကောနှပ်ထားသည်များကို မကြီးမသေး အလုံးလေးများလုံး၍ ကျက်ပြီးနီလာသည်ထိကြော်ပါ။ ပြီးလျှင် ကြက်သားလုံးများ ဆယ်ထားပါ။

4. ကြက်သားလုံးကြော်ထားသည့်ဆီပူထဲသို့ ဆနွင်းမှုန့်အနည်းငယ်ထည့်ပါ ဂျင်း၊ကြက်သွန်ဖြူရောထောင်း ထားသည်ကိုထည့်၍ ဆီသတ်ပါ။ မွှေးပြီးရဲလာလျှင် သကြားနည်းနည်းထည့်ကြော်မွှေလိုက်ပါ။

5. ပြီးလျှင်ခရမ်းချဉ်သီး(မိမိဟင်းနှင့်ချိန်၍) သေးသေးလှီးထည့်ပြီး ခရမ်းချဉ်သီးကျေသည်အထိ ဆီသတ်ပေးပါ ရေမထည့်ပါနဲ့ (အဖုံးအုပ်ပြီး မီးအေးအေးနဲ့ ချေချေပေးပါ) ခရမ်းချဉ်သီးကျေလျှင် အရောင်တင်မှုန့်အနည်းငယ် ထည့်မွှေပါ (အရောင်လှရန်သာ) မုန်လာဥနီ လှီးထားသည်များထည့်ပါ ရွှေပဲသီးထည့်ပါ။

6. ကြက်သွန်နီလေးစိတ်ခွဲထည့်ပါ ငရုတ်ပွလှီးထည့်ပါ ဆား၊သကြား၊ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပြီး မွှေပေး ပါ၊ အသီးအရွက်များနည်းနည်းနွမ်းလျှင် ကြက်သားလုံးကြော်ထားသည်များထည့်ပါ။

 7. အားလုံးရောသမအောင်မွှေပြီးလျှင် အသင့်ဖျော်ထားသော ဆော့စ်ရည်ကိုထည့်ကာ နှံ့/သမအောင်မွှေပြီး ဆော့စ်ဗွက်ဗွက်ဗွက်ဆူလာလျှင် အရသာမြည်း၊ မီးပိတ်အဖုံးခဏအုပ်ကာ စားသုံးလို့ရပါပြီ။


 

No comments:

Post a Comment

@templatesyard