ပဲပြားချဉ်စပ်

 

ပါဝင်ပစ္စည်းများ

  • ပဲပြား - ၄ တုံး ( လက် ၂ ဆစ်ခန့်အရွယ်တုံးပါ)
  • ကြက်သွန်နီ - ၃ လုံး( ပုံမှန်အရွယ်)
  • ကြက်သွန်ဖြူ - ၇ တက်(နုပ်နုပ်စဉ်းပါ)
  • ခရမ်းချဉ်သီး - ၂ လုံး( ခပ်နုပ်နုပ်စဉ်းပါ)
  • ပန်းငရုတ်ပွ - ၁ လုံး( လက်မအရွယ်မျှ လှီးပါ)
  • ဂျုံမှုန့် - အနည်းငယ်
  • ငရုတ်သီးစိမ်း - ၆ တောင့်( အစပ်ကြိုက်ပါက ထပ်ထည့်ပါ )
  • ပဲငံပြာရည် - အနည်းငယ် (ဇွန်းနဲ့ချိန်ထည့်ပါ)
  • ပာင်းခတ်မှုန့် - အနည်းငယ်
  • ငရုတ်ဆီ - အနည်းငယ်
  • သံပုရာသီး - တစ်ခြမ်း
  • ငရုတ်ကောင်းစေ့ - ၈ လုံးခန့် (လှော်ပြီးထောင်းထားပါ)
  • ကြက်သွန်မြိတ် / နံနံပင် - ၃ ပင်စီ (အနေတော် လှီး/ညှပ် ထားပါ)

ချက်ပြုတ်နည်း

1. ဆီကို ပဲပြားမြုပ်အောင် ထည့်ပြီး အပူပေးထားပါ။

2. ပဲပြားတုံးလေးတွေကို ဂျုံမှုန့်အနည်းငယ်ဖြူးပြီး ဆီပူပူမှာကြော်ပြီး အဝါရောင်သန်းလာပါက ဆယ်ယူ ဆီစစ်ထားပါ။

3. ဒယ်အိုးကို အပူပေးပြီး လှီးထားတဲ့ ကြက်သွန်နီ / ဖြူတို့ကိုဆီသတ်ပြီး အနံ့မွှေးလာလျှင် လှီးထားသော ခရမ်းချဉ်သီး၊ ပန်းငရုတ်ပွသီး ၊ ငရုတ်သီးစိမ်းတို.ထည့်ပါ။

4. အ‌ပေါ်ကအနှစ်ရပြီးဆိုလျှင် ကျက်ရုံမျှ‌ ကြော်ထားတဲ့ ပဲပြားတို့ကို ပဲငံပြာရည်အကြည်၊ ပာင်းခတ်မှုန့်၊ ငရုတ်ဆီတို့ထည့်ပြီး အရသာစိမ့်ဝင်အောင် ဖြည်းဖြည်း မွှေပေးပါ ။သံပုရာရည်အနည်းငယ်ညှစ်ပြီး ငရုတ်ကောင်းမှုန့်ထည့်ပါ။

5. နောက်ဆုံးကျက်ခါနီးရင် ကြက်သွန်မြိတ်၊ နံနံပင်ခတ်မွှေပြီး ချဉ်စပ်လေးနဲ့စားကောင်းတဲ့ ပဲပြားချဉ်စပ် ဟင်းလေးသုံးဆောင်နိုင်ပါပြီ။


 

No comments:

Post a Comment

@templatesyard