အမဲနှပ်

 


ပါဝင်ပစ္စည်းများ

  • အမဲလိုင်းသား.....1ပိသာ
  • ဆုံဆီ................1ဆယ်သားခန့်
  • ကြက်သွန်နီ..........20လုံး
  • ခရမ်းချည်သီး......10လုံး
  • ဂျင်း .......လက်တစ်ဆစ်ခန့်
  • ကြက်သွန်ဖြူ........2လုံး
  • မာဆလာ..ထမင်းစားဇွန်း..1ဇွန်း
  • အရောင်တင်မှုန့်.ထမင်းစားဇွန်း..1ဇွန်း
  • ဟင်းချိုမှုန့်ထမင်းစားဇွန်း ..1ဇွန်း
  • ဆား ထမင်းစားဇွန်း ...........1ဝက်


ချက်ပြုတ်နည်း
1. အမဲသားတွေကိုအနေတော်လေးတေတုံးပြီးရေစင်အောင်ဆေးပီး စစ်‌ပေးထားပါ။ ပြီးရင်ချက်မဲ့အိုးထဲထည့် ဆား၊အချိုမှုန့်နဲ့ အသားထဲဝင်နေအောင်ထိနယ်ပေးပါ။

2. ဂျင်း၊ကြက်သွန်ဖြူထောင်းထည့်ပါ။ ခရမ်းချည်သီး၊ကြက်သွန်နီ လှီးထည့်အရောင်တင်ထည့်၊ ဆီထည့်ပီး စချက်လို့ရပြီ။

3. အသားတော်"များ"ကရေထိုးကြတာမလိုရေမထည့်ပဲ ကြာကြာလုံးပေးပါ။

4. ခရမ်းချည်သီးနဲ့ကြက်သွန်နီ‌တွေ ကြေသွာပြီး မိနစ်နှစ်ဆယ်လောက် လုံးပီးသွာရင် ရေထည့်လို့ရပါပီနော် အမဲနှပ်ဆို‌တော့ နူးလေကောင်းလေပါပဲ။

5. လိုချင်တဲ့အနေအထားရပြီဆိုရင် မာဆလာလေးထည့်ပါ၊ တစ်ချို့တွေက ကရဝေးရွက်လေးတွေလဲထည့်ကြတယ် (ကြိုက်လျှင်ထည့်ပါ)။

6. အရမ်းကိုအရသာရှိတဲ့ အမဲနှပ်လေးကို သုံးဆောင်လို့ရပါပြီ။



No comments:

Post a Comment

@templatesyard