ကြွက်နားရွက်မှိုသုပ်

 

ပါဝင်ပစ္စည်း

  • ကြွက်နားရွက်မှိုခြောက် ၅ကျပ်သား
  • ခရမ်းချဉ်သီး ၂ လုံး
  • မုံလာဥနီ 
  • ကြက်သွန်နီတစ်လုံး
  • ပုဇွန်ခြောက်ထောင်း
  • မြေပဲလှော်ထောင်း
  • ငရုတ်သီးလှော်မှုန့်(သို့)ငရုတ်သီးစိမ်း
  • ငံပြာရည်
  • ဆီချက်
  • ပဲမှုန့်အကျက်
  • နံနံပင်(သို့)ရှောက်ရွက်နု
  • သံပုရာသီး(သို့)မန်ကျည်းမှည့်ရည်
  • ဆား l ဟင်းခတ်မှုန့်..


ပြုလုပ်နည်း

1. ကြွက်နားရွက်မှိုကို ၁၅ မိနစ်ခန့်ရေစိမ်ပါ။ ရေဆူထဲခဏပြုတ်ပါ(သို့) ရေနွေးဆူဆူဖြင့်ခဏစိမ်ပါ။

2. ကြွက်နားရွက်မှို ကိုပါးပါးလှီးပါ၊ မုံလာဥနီ ခြစ်ပါ၊ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ နံနံပင်(သို့)ရှောက်ရွက်နုတို့ကို ပါးပါးလှီးပါ။

3. ဆီချက်၊ ငံပြာရည်၊ မန်ကျည်းမှည့်ရည်(သို့)သံပုရာသီးညှစ်ထည့်ပါ၊ ပဲမှုန့်ကျက်၊ ငရုတ်သီးအလှော်မှုန့် (သို့) ငရုတ်သီးစိမ်း၊ ပုဇွန်ခြောက်၊ မြေပဲလှော်ထောင်း၊ ဆား ဟင်းခတ်မှုန့်ထည့်ကာ သမအောင် အားလုံးရောနယ်လိုက်ပါ။

4. အရသာရှိတဲ့ကြွက်နားရွက်မှိုသုပ်ရပါပြီ။



No comments:

Post a Comment

@templatesyard