အာလူးမာဆလာတိုရှည်

 


ပါ၀င်ပစ္စည်းများ

  •     ဆန်  နို့ဆီဗူး ၂လုံး
  •     မတ်ပဲ  နို့ဆီဗူး ၁လုံး
  •     ကုလားပဲ  နို့ဆီဗူး ၄ပုံ၁ပုံ
  •     ဇီယာ  လက်ဖက်ရည်ဇွန်း ၁ဇွန်း
  •     နံနံစေ့မှုန့်  လက်ဖက်ရည်ဇွန်း တ၀က်
  •     ဆား  လက်ဖက်ရည်ဇွန်း ၂ဇွန်း
  •     ရေ


ပြင်ဆင်နည်း

1. အရင်ဆုံး ဇလုံတစ်ခုထဲသို့ (ဆန်၊ မတ်ပဲ၊ ကုလားပဲ) တို့ကို ရောထည့်လိုက်ပြီ ရေစင်အောင်  ၆နာရီကြာအောင် ရေစိမ်ထားပေးပါ။

2. ၆နာရီကြာစိမ်ပြီလျှင် (ဆန်၊ မတ်ပဲ၊ ကုလားပဲ) တို့ကို ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။

3. အရင်ဆုံး (ဆန်၊ မတ်ပဲ၊ ကုလားပဲ၊ ဇီယာ၊ နံနံစေ့မှုန့်) တ၀က္ကို ကြိတ်စက်(Blender) ထဲပြီ ရေကို မြုပ်ရုံထည့်ကာ မုန့်ရည် ရသည်အထိ ကြိတ်ပေးပါ။

4. တိုရှည်လုပ်ရန် မုန့်ရည်ရပြီဆိုလျှင် ထိုမုန့်ရည်ကို အခန်းအပူချိန်နဲ့ အချဉ်ပေါက်အောင် တညသိပ်ထားရပါမည်။ (အချဉ်ပေါက်အောင် Yeast လက်ဖက်ရည်ဇွန်း တ၀က် ထည့်လျှင် ပိုကောင်းသည်။)

5. မုန့်ရည်များကို တညသိပ်ပြီလျှင် တိုရှည် စလုပ်လို့ရပါပြီ။ တညသိပ်ပြီမှ ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း) ထည့်ကာ ရောမွှေပေးပါ။

မှတ်ချက် ။       ။ မုန့်နှစ်ရည်သည် မပျစ်မကျဲ အနေထားတွင် ရှိနေရပါမည်။


ပြုလုပ်လုပ်နည်း

1. တိုရှည်ဗန်းကို ဆီအနည်းငယ်သုတ်ပြီး ပူအောင် မီးအသင့်တင့်ဖြင့် တည်ထားပါ။

2. တိုရှည်ဗန်းပူလာမှ ယောက်ချိုဖြင့် မုန့်ရည် ၁ဇွန်းကို လောင်းချလိုက်ပါ။

3. ထို့နောက် ဇွန်းပြားဝိုင်းဖြင့် မုန့်ရည်များ အဝိုင်းသဏ္ဍန်ဘေးသို့ ပြန့်သွားအောင် ဖြည်းဖြည်းခြင်း ဖြန့်လိုက်ပါ။

4. ပြီးမှ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) အပေါ်မှ ဖြူးပေးပါ။

5. ယောက်မဖြင့် ဆီများ တိုရှည် အနှံ့ပြန့်အောင်လုပ်ပေးပါ။

6. တိုရှည် အရောင်ပြောင်းလာပြီ ဘေးသားများ ကြွပ်ရွလာလျှင် အာလူး မာဆလာချက်(စားပွဲတင်ဇွန်း ၂ဇွန်း) ကိုထည့်ပြီး တိုရှည်ကို တစ်ဖက်လိပ်လိုက်ပါ။

7. မာဆလာ တိုရှည်ကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။



No comments:

Post a Comment

@templatesyard