အာလူးမာဆလာချက်


ပါ၀င်ပစ္စည်းများ

  • အာလူး (နူးအောင်ပြုတ်၊ အခွံနွှာ၍ အတုံးသေးများ တုံးထားပါ)
  • ကြက်သွန်နီ (နှုတ်နှုတ်စဉ်းထားပါ)
  • ပဲခြမ်းဝါ (နူးအောင် ပြုတ်ထားပါ)
  • မုန်ညှင်းစေ့ 
  • မာဆလာ
  • ဆနွင်းမှုန့် 
  • ငရုတ်သီးစိမ်း
  • ငရုတ်သီးနီခြောက်
  • ကရဝေးရွက်
  • ဆား


ချက်ပြုတ်နည်း

1. ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ကာ ဆီပူလာလျှင် (ကြက်သွန်နီ၊ မုန်ညှင်းစေ့၊ ဆနွင်းမှုန့်၊ မာဆလာ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးနီခြောက်၊ ကရဝေးရွက်) ရောမွှေလိုက်ပါ။

2. ထို့နောက် အာလူး၊ ပဲခြမ်းဝါ၊ ဆားတို့ကို ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

3. အာလူးပြဲအောင် အထိ ရေထည့်ပြီးတည်ထားပါ။

5. ရေခန်းသွားလျှင် အာလူးမာဆလာချက် ရပါပြီ။



No comments:

Post a Comment

@templatesyard