ဝက်သုံးထပ်သားဂေါ်ရခါးသီးရေလည်ဆီလည်

 

ပါဝင်ပစ္စည်းများ

  • သုံးထပ်သား..............၃၀ကျပ်သား
  • ဂေါ်ရခါးသီး...............၂လုံး
  • ကြက်သွန်နီ...............၂လုံး
  • ခရမ်းချဉ်သီးမှည့်..........၁လုံး
  • ချင်းသေးသေး.............၁တက်
  • ကြက်သွန်ဖြူ............... ၂တက်


ချက်ပြုတ်နည်း

1. သုံးထပ်သားတွေကိုရေဆေးသန့်စင်ပြီးအနေတော်တုံးပါ။

2. ချင်း၊ကြက်သွန်ဖြူ ကိုညှက်နေအောင်ထောင်းပါ။

3. ကြက်သွန်နီ၊ ခရမ်းချဉ်သီးကိုပါးပါးလှီးပါ။

4. ချက်မယ့်အိုးထဲမှာဝက်သား၊ထောင်းထားသောချင်းအရော၊ကြက်သွန်နီ၊ခရမ်းချဉ်သီးတွေထည့်ကာ ဆား၊ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်တို့ထည့်ပြီး ရောနယ်ပါ။

5 ဆီအနည်းငယ်ထည့်ပြီးမီးရှိန်အေးအေးမှာအဖုံးပိတ်ပြီးချက်ပါ။

6. ဂေါ်ရခါးသီးတွေကိုအခွံခွာပြီးအနေတော်အတုံးငယ်များတုံးပါ။

7. ဝက်သားတစ်ရေနူးပြီဆိုအဖုံးဖွင့်ပြီးမွှေပေးပါ။ လိုအပ်ပါကရေအနည်းငယ်ထပ်မံဖြည့်စွက်ပါ။

8. ဝက်သားသုံးပုံနှစ်ပုံလောက်နုးပြီးရေခမ်းပြီဆိုမှဂေါ်ရခါးသီးတွေထည့်ကာအဖုံးအုပ်ထားပါ။

9. ဂေါ်ရခါးသီးတွေနူးပြီးရေလည်ဆီလည်ချိန်မှ မီးဖိုပေါ်မှချကာ သုံးဆောင်နိုင်ပါပြီ။


 

No comments:

Post a Comment

@templatesyard