ဝက်သားအချိုချက်

 

ပါဝင်ပစ္စည်းများ

  • ဝက်သား ၂ ပိဿာ ( တုံးထားပါ။ )
  • ကြက်သွန်နီ ၆၀ သား ( အကွင်းလိုက်လှီးပါ။ )
  • ကြက်သွန်ဖြူ ၁၀ သား ( ကြိတ်ပါ။ )
  • ဂျင်း ၅ ကျပ်သား ( ထောင်းပါ။ )
  • ဟင်းခပ်မှုန့် ၁ ဇွန်းအမောက် ( လဖက်စားဇွန်း )
  • သကြား ၂ ဇွန်းအမောက် ( ထမင်းစားဇွန်း )
  • ဆား ၃ ဇွန်း ( လဖက်စားဇွန်း )
  • ပဲငံပြာရည် အနောက် ၄ ဇွန်း ( ထမင်းစားဇွန်း )

ချက်ပြုတ်နည်း
        အားလုံးရောနယ်ပီး ၁ နာရီခန့် နှပ်ထားပီးရင် မီးဖိုပေါ်တင်ပီး အရည်တွေထွက်လာအောင်လှော်ပေးပါ။
ဝက်သားကထွက်လာတဲ့ အရည်တွေခမ်းခါနီးမှ ရေနွေးပူပူ ၂ ဖန်ခွက်ထည့်ပီး မီးအားအနေတော်နဲ့ချက်ပေးပါ။
ရေခမ်းခါနီးရင် ခါးရင်းနဲ့ ထိုးကြည့်ပါ။ အသားနူးရင် ရပါပြီ။မနူးသေးရင် ရေ ၁ ဖန်ခွက်ထပ်ထည့်ပီးဆက်တည် ပေးပါ။ ဒါဆိုရင် ဝက်သားအချို လုံးချက်ရပါပြီ။ အပေါ့၊ အငံ၊ အချိုကတာ့ အိုးချခါနီး မိမိစိတ်တိုင်းကျပြင် ပေးပါ။


        ပိဿာချိန်အများကြီးချက်မယ့်သူတွေအတွက် ဒီချက်နည်းက အထူးသင့်လျော်ပါတယ်။ အလှူပွဲတွေမှာ ဆီသတ်ချက်ဖို့ ဆီသုံးစရာမလိုတော့ပါဘူး။ ဝက်ဆီက ဆီတွေထွက်တာနဲ့တင် လုံလောက်နေပါပြီ။သုံးထပ်သားချည်းပဲဆိုရင် အဆီထွက်လွန်းလို့သုံးထပ်သား ၁ ပိဿာ၊ အသား ၁ ပိဿာ ရောချက်ထားပါတယ်။
ရေနွေးပူနဲ့ သေချာဆေးပြီး ဂျင်း၊ ကြက်သွန်ဖြူနဲ့ ၁ နာရီခန့် နှပ်ထားတာမို့ ညှီနံ့လဲ ကင်းစင်ပါတယ်။



No comments:

Post a Comment

@templatesyard