ဝက်သားနီချက်

 

ပါဝင်ပစ္စည်းများ

  • ဝက်သား သုံးထပ်သား
  • မြေပဲဆီ
  • ဆား
  • သကြား
  • အရသာမှုန့်
  • ကြက်သွန်ဖြူ ( ကြိတ်ထားပါ )
  • ကြက်သွန်နီ ( အကွင်းကွင်းထားပါ )
  • ခရမ်းချဉ်သီး ( အကွင်းကွင်းထားပါ )
  • နာနတ်သီး ( ကြိတ်စက်နဲ့ အရည်ကြိတ်ထားပါ )
  • Chili Sauce ( ကြိုက်မှထည့်ပါ, မထည့်လဲ ကောင်းပါတယ် )
  • (ဝက်သားကို မချက်ခင် ဆား,အရသာမှုန့်နဲ့ နယ်ထားပါ။)


ချက်ပြုတ်နည်း

1. ချက်မယ့်အိုးထဲကို ဆီထည့်ပီး အပူပေးပါ။ ဆီပူလာရင် မီးအားလျှော့၍ သကြားထည့်ပါ။  သကြားများ အရည်ပျော်လာပီးထညက်ရည် လိုဖြစ်လာတဲ့အထိ မွှေပေးပါ။


2. ပြီးရင် ဝက်သားထည့်ပီး ဟိုဖက် ဒီဖက် လှန်ကာ (၅) မိနစ်မွှေပေးပီးရင် ဝက်သားအရောင်များ နီရဲလာပါလိမ့် မယ်။


3. ကြက်သွန်ဖြူ/နီ /ခရမ်းချဉ်သီး များထည့်မွှေပီးရင်ကြိတ်ထားတဲ့ နာနတ်ရည်ကို အသား မြုပ်အောင် ထည့်ပါ။
Chili Sauce ထည့်မွှေပြီးနောက်အဖုံးအုပ်ကာ မီးအား အနေတော်နဲ့သာ ချက်ပေးပါ။


4. ရေများ လုံးဝခန်းသွားပီး ဆီပျံလာရင်တော့အရသာရှိလှတဲ့ ဝက်ချိုချဉ်အိအိ မြန်မာချက်လေး ရပါပြီ။

5. အသားရော အခေါက်ပါ အိစက်နေစေဖို့အတွက်မီးအား မပြင်းစေပဲ, မီးအား အသင့်အတင့်နဲ့အဖုံးအုပ်ထား ပြီး စိတ်ရှည်ရှည်နဲ့ ချက်ရပါမယ်။ အသားထဲမှာ အရသာလေးတွေ အကုန်စိမ့်ဝင်နေပြီး ထမင်းမြိန်စေလှတဲ့ ဟင်းတစ်ခွက်ဖြစ်စေမှာပါ။




No comments:

Post a Comment

@templatesyard