KFC ကြက်ကြော်


ကြက်သားနှပ်ရန်ပါ၀င်ပစ္စည်းများ

  • ကြက်ပေါင်နဲ့ ရင်ပုံ
  • ဟင်းခတ်မှုန့်
  • ဆား
  • ကြက်သွန်ဖြူမှုန့်
  • ကြက်ပြုတ်ရေ


ကြက်ကြော်ရန်ပါ၀င်ပစ္စည်းများ

  • နှပ်ထားသော ကြက်ပေါင်နဲ့ရင်ပုံ
  • ကြက်ဥ
  • နွားနို့
  • ဂျုံ
  • ဆား
  • ငရုတ်ကောင်းမှုန့်
  • ဆနွင်းမှုန့်
  • ကြက်သွန်ဖြူမှုန့် (ကြက်သွန်ဖြူ ညက်အောင် ထောင်းထည့်လျှင်လည်း ရသည်)
  • ဆိုဒါ


ကြော်နည်း

1. အရင်ဆုံး ကြက်သားကို နှပ်ရန် ပါ၀င်ပစ္စည်းများဖြစ်သော ( ဟင်းခတ်မှုန့်၊ ဆား၊ ကြက်သွန်ဖြူမှုန့်၊ ကြက်ပြုတ်ရည်) တို့ဖြင့် သမအောင် နှယ်ပြီး အနည်းဆုံး ၂၄နာရီ တစ်ညသိပ် (ရေခဲသေတ္တာအောက်ထပ်)တွင် ထားပေးပါ။

2. ကြက်သားများကို တညသိပ်နှပ်ထားပြီးမှ ကြက်ဥနှင့် နွားနို့များကို ခွက်တစ်ခုထဲတွင် သမအောင် ခလောက်ပေးထားပါ။

3. ဂျုံမှုန့်နှင့် ( ငရုတ်ကောင်းမှုန့်၊ ဆား၊ ဆနွင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ဆိုဒါ) တို့အားလုံး ဇလုံတစ်ခုထဲ သမအောင် ရောမွှေလိုက်ပါ။

4. ကြက်ပေါင်နှင့် ရင်ပုံးများကို ခလောက်ထားသော ကြက်ဥခွက်ထဲနှစ်ပြီ ဂျုံမှုန့်များဖြင့် ကပ်ပေးပါ။

5. ကြက်ကြော်တဲ့အခါ ပိုကြွပ်ရွစေရန် ဂျုံကပ်ပြီးသား ကြက်ပေါင်၊ ရင်ဗုံများ ကြက်ဥခွက်ထဲ ပြန်နှစ်ပြီ ဂျုံနောက်တစ်ကြိမ် ထပ်မံ ကပ်ပေးပါ။

6. ဒယ်အိုးထဲ ဆီများများထည့်ကာ ဆီပူလာလျှင် ဂျုံကပ်ထားသော ကြက်ပေါင်၊ ရင်ဗုံများကို အညိုရောင်သန်းသည်အထိ ကြော်ပေးပါ။



No comments:

Post a Comment

@templatesyard