ကြက်ဥပေါင်းနည်း


ပါဝင်ပစ္စည်းများ

  • ဆား
  • ကြက်သားမှုန့်
  • ငရုတ်သီးအစပ်မှုန့်
  • ပဲငံပြာရည်အကြည်
  • ငရုပ်ကောင်းမှုန့်
  • ခရုဆီ

ပြုလုပ်နည်း
 
1. ကြက်ဥထိပ်ကို ဓားချွန်နဲ့ ပုံထဲကအပေါက်လောက်အသာထိန်းဖောက်ပါ၊အထဲကကြက်ဥအနှစ်များကို သွန်ချပါ။ (မြန်အောင် ဆေးထိုးအပ်အကြီးကိုအပ်မတပ်ပဲ ဒီတိုင်းစုပ်ယူနိုင်ပါတယ်)
 
2. ကြက်ဥအရည်တွေထဲကို ဆား၊ ကြက်သားမှုန့်၊ ငရုတ်သီးအသပ်မှုန့်အနဲငယ်၊ပဲငံပြာရည်အကြည် ၊ငရုပ်ကောင်းမှုန့်၊ နှစ်သက်ရာအရသာမှုန့် နှင့် ခရုဆီ နှစ်သက်ရင်ထည့်ပါ။

3. အားလုံးသမအောင်ခေါက်ပေးပါ၊ ပြီးရင် မကြေသေးတဲ့ကြက်ဥအကာအခဲလေးတွေရယ်ကြက်ဥအခွံတွေ ရယ်နဲ့ အမြှုပ်တွေ ကင်းအောင် စကာ ဒါမှမဟုတ် အဝတ်ပါးဖြင့်စစ်ပါ။

4. ရေဆေးပြီး ရေပြောင်အောင်စစ်ထားတဲ့ ကြက်ဥအခွံလေးတွေထဲကို ဆေးထိုးအပ်ကြီးနဲ့စုပ်ပြီးထည့်ပါ (သို့) နှုတ်သီးအချွန်ပါတဲ့ ဗူး ခွက်တို့ထဲထည့်ကြက်ဥထဲ လိုက်ဖြည့်ပါ။ (အပြည့်မထည့်ရပါ)
 
5. မီးအနေတော်မှာ ပေါင်းမယ့်အိုးအဖုံးကိုလက်မ ဝက်ခန့် ဟပြီး နာရီဝက်လောက်ပေါင်းပြီးရင် စားလို့ရပါပြီ။
 
6. ပူပူလေးမှာစားရင် အိအိလေးနဲ့ အေးမှစားရင် မာမာလေး အရမ်းစားကောင်းပါတယ်။ ပြန်ပြီးကင်စားချင်ရင် ပုံထဲကလို ကြက်ဥပေါင်းတလုံးမှာအဝိုင်းလေးချပ်ရအောင်လှီးပြီးတုတ်ထိုးပါ။ ပဲဆီ(သ်ု့)နှမ်းဆီလေး ပါးပါးသုပ် ပြီး မီးကင်စားရင် အရမ်းမွှေးပြီး အရမ်းစားကောင်းပါတယ်။

 

No comments:

Post a Comment

@templatesyard