ကွေကာအုပ်ပူတင်း


ပါဝင်ပစ္စည်း ၂ မျိုးထဲရှိရုံနဲ့ ကွေကာအုပ်ပူတင်းကောင်းကောင်းလေးလုပ်စားလို့ရပါတယ်။ကွေကာအုပ်ဆိုတော့ ကလေးတွေအတွက်လဲသင့်တော်ပါတယ်။ ပူတင်းရလာရင် အပေါ်ကနေပြီးကွေကာအုပ်အမှုန့်လေးတွေ ဖြူးထားပေးတော့ ပူတင်းစားလိုက်တိုင်းမှာ ပိုအရသာရှိစေပါတယ်။

ပါဝင်ပစ္စည်းများ

  • Premier ကွေကာအုပ်တခွက်စာအထုပ် - ၆ ထုပ်
  • ကြက်ဥ - ၂ လုံး
  • ရေနွေး - ၃၅၀ ml

ပြုလုပ်နည်း

၁။ ရေနွေး ထဲကို ကွေကာအုပ် ၅ ထုပ်ဖောက်ထည့်ပြီး ဖျော်ပါ။ ပြီးလျှင် အအေးခံထားပါ။
၂။ ကြက်ဥကိုခလောက်ပြီး အအေးခံထားသော ကွေကာအုပ်အရည်ထဲကိုရောထည့်ပါ။
၃။ ထို့နောက် ပူတင်းလုပ်မည့်ခွက်ထဲကိုထည့်ပြီး ရေနွေးငွေ့ဖြင့် နာရီဝက်ခန့်ပေါင်းပါ။
၄။ စားခါနီးတွင် ပူတင်းအပေါ်ကို ကျန်သော ကွေကာအုပ်တထုပ်မှ အမှုန့်များဖြူးပါ။ သုံးဆောင်နိုင်ပါပြီ။





No comments:

Post a Comment

@templatesyard