၀က်နံရိုးနှင့်မုန်လာဥဖြူ


ဝက်နံရိုးနှင့် မုန်လာဥဖြူအတွဲကို အိမ်မှာ ချက်စားဖြစ်ကြတာ နည်းပါးပါတယ်။ အိမ်ရှင်မ အတော်များများက မုန်လာဥဖြူရဲ့ အချဉ်ဓာတ်ကြောင့် အသားနဲ့ တွဲချက်ရင် အိမ်သားများ ကြိုက်ပါ့မလားဆိုပြီး အတွေးများတတ် ပါတယ်။ အိမ်ရှင်မတွေအတွက် ဟင်းတစ်ပွဲကို ကျန်းမာရေးနှင့်လည်း လိုက်လျောညီထွေစေမယ့် ဟင်းပွဲလေး ရဲ့ ချက်နည်းလေး ရှယ်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး – ၃၀ ကျပ်သား (အနေတော် အတုံးများတုံးထားပါ)
  • မုန်လာဥဖြူ – ၃ လုံး (ပါးပါးလှီးထားပါ)
  • ပဲတောင့်ရှည် – ၁၀ တောင့်
  • ရှမ်းငရုတ်သီး – ၃ တောင့် (ခပ်ပါးပါး လှီးထားပါ)
  • အုပ်စု (က) အနှစ်ဆီသတ်ရန်
  • ချင်း – လက်မအရွယ် (ထောင်းထားပါ)
  • ကြက်သွန်ဖြူ – ၄ မြွှာ (ထောင်းထားပါ)
  • ကြက်သွန်နီ – ၃ လုံး (ထောင်းထားပါ)
  • စပါးလင် – ၁ ချောင်း (အဖြူပိုင်းကို ပါးပါးလှီးထားပါ)
  • အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ၁/၂ ဇွန်း
  • နေကြာဆီ – စားပွဲဇွန်း ၃ – ၄ ၁/၂ ဇွန်း
  • နနွင်း – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
  • ငံပြာရည် – စားပွဲဇွန်း ၁ ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
  • မန်ကျည်းသီးအနှစ် – လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း

ချက်ပြုတ်နည်း

  1. အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာလျှင် အုပ်စု (က) မှ ပါဝင်ပစ္စည်းများထည့်ကာ ဆီသတ်ပါ။ အနံ့မွှေးပြီး အားလုံးနွမ်းလာလျှင် ဝက်နံရိုးများထည့်ပါ။ ဆီသတ် ထားသောအနှစ်နဲ့ နှံ့အောင် လုံးပါ။ ပြီးလျှင် ရေကို နည်းနည်းချင်း ထည့်ပေးပြီး မီးအနေတော်ဖြင့် အဖုံးအုပ်ကာ တည်ပါ။ ၁၀-၁၅ မိနစ်ခန့် တည်ပြီး ရေ ပွက်ပွက်ဆူလာလျှင် မုန်လာဥနှင့် ရေ ၂ ခွက်ရောပါ။ သေချာနှံ့အောင် မွှေပြီး ရေလိုလျှင် ထပ်ထည့်ပါ။ ၁၅-၂၀ မိနစ်ခန့် ထပ်တည်ပါ။
  2. အရည်ပွက်ပွက်ဆူပြီး ဝက်နံရိုးတုံးလေးများ နူးလျှင် ဆားမြည်းပါ။ ကိုယ့်စိတ်ကြိုက် လိုတာထပ်ဖြည့်ပြီး အရည်ဖြင့်ထားပါ။ ထမင်းပူပူဖြင့် တွဲစားလျှင် လိုက်ဖက်ပါတယ်။

No comments:

Post a Comment

@templatesyard